အမြို့မြို့အနယ်နယ်သတင်းများ

Dec 16,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် မဲခေါင်−လျန်ချန်းဒေသ အထူးရန်ပုံငွေဖြင့် ဆောက်လုပ်သော မြို့နယ်သိုလှောင်ရုံနှင့် အသိပညာပေးစင်တာဖွင့်ပွဲအခမ်းအနားကို မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးရှိ မြို့နယ် သိုလှောင်ရုံနှင့် အသိပညာပေးစင်တာ၌ ယမန်နေ့နံနက်(၁၁)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Dec 16,2022
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၊ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်များသည် နိုင်ငံတော်၏ အနာဂတ်ဖြစ်သည့်အားလျော်စွာ လူငယ်ဘဝကို အကျိုးရှိစွာဖြတ်သန်းရန်၊ အသိပညာ ဗဟုသုတပြည့်ဝရေးအတွက် လေ့လာဆည်းပူးကြရန်၊ ဗလငါးတန်ပြည့်ဝသည့် လူငယ်များပေါ်ထွက်လာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး လူငယ်စကားဝိုင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပသည်။
Dec 16,2022
ဇေယျာသီရိမြို့နယ်တွင် အစိုးရပါဠိပထမပြန်စာမေးပွဲ စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ဇေယျာသီရိမြို့နယ်၊ ပြည်စံအောင်ရပ်ကွက်၊ ရတနာစံပရိယတ္တိစာသင်တိုက်၊ ရတနာဘိမတဓမ္မ ဗိမာန်တော်ကြီး၌ ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့ကြောင်းသိရသည်။
Dec 16,2022
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား(မုံရွာ)MRTV တို့ပူးပေါင်းပြီး “ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့် အရည်အသွေး ပြည့်မီသည့် သတင်းရေးသား ရိုက်ကူးတင်ဆက်နိုင်စေရန်” ရည်ရွယ်၍ သတင်းဗွီဒီယိုရိုက်ကူး တည်းဖြတ်နည်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြုလုပ်ခဲ့သည်။
Dec 16,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  လူထုအခြေပြုဗဟိုဌာန(Community Centre) န်းမ၌ ပြည်သူများအသိပညာ၊ ဗဟုသုတရရှိစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများ (Book Club)အဖွဲ့၀င်များပူးပေါင်း၍ စာရေးဆရာအောင်သင်းရေးသားသည့် စဉ်းစားစရာလေးတွေစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။
Dec 16,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ခရိုင်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ကင်းရှင်းရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဒီဇင်ဘာ ၁၆ ရက် နံနက် ၁၀ နာရီခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။