တံတားဦး ဒီဇင်ဘာ ၁၆
တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ (၂၀၂၂) ခုနှစ်အရ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေများ ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။
အခမ်းအနားတွင် တံတားဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုက အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ (၂၀၂၂) ခုနှစ်အရ ဆောင်ရွက်ရမည့် လုပအ်ငန်းစဉ်များ၊ ဥပဒေပုဒ်မများ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေနှင့် ပတ်သက်၍ သိမှတ်ဖွယ်ရာများကို Power Point ဖြင့် ၎င်းအသင်းအဖွဲ့များ လိုက်နာဆောင်ရွက်ရမည့် အချက်များကို၎င်း ရှင်းလင်းပြောကြားပြီး တက်ရောက် လာကြသည့် အသင်းအဖွဲ့ကိုယ်စားလှယ်များ၏ ဆွေးနွေးမေးမြန်းချက်များကို တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်မှတ်ပုံတင်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်မှတ်ပုံတင်ရေးအဖွဲ့တွင် မှတ်ပုံတင်ထားသော အသင်းအဖွဲ့များက ကိုယ်စားလှယ်များ၊ လူမှုရေး အသင်းအဖွဲ့များ တက်ရောက်ကြကြောင်းသိရသည်။
ရဲတင့်