အမြို့မြို့အနယ်နယ်သတင်းများ

Dec 16,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ရုပ်ပုံဆက်ပြိုင်ပွဲကိုယမန်နေ့ နေ့လယ်(၂)နာရီကကျင်းပခဲ့ကြောင်း သိရသည်။
Dec 16,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟော ပြောပွဲကို ထမ္မရာဇ်ရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်း အစည်းအဝေးခန်းမ၌ ယမန်နေ့ နေ့လယ် ၁၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 16,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများ(Book Club)အဖွဲ့၀င်တို့ပူးပေါင်း၍ စာရေးဆရာမောင်ခင်မင်(ဓနုဖြူ)ရေးသားသည့် အမွေခံတစ်ယောက်အမွေပေးသူတစ်ရာ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်( ၁၀)နာရီက ပြုလုပ်ခဲ့သည်။
Dec 16,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ဒေသတွင် ဆောင်းသီးနှံအဖြစ် ပြောင်းဖူးအပင်များကိုစိုက်ပျိုးကြရာ ပြောင်းဖူးပေါ်ချိန်၌ အထွက်နှုန်းနည်းပါး၍ အရှုံးပေါ်မှာကို စိုးရိမ်နေကြကြောင်း ကလိန်အောင်မြို့ ပြောင်းစိုက်တောင်သူထံမှ သိရသည်။
Dec 16,2022
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်း၍ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို စာဖတ်ဝိုင်းနှင့် ပြပွဲပြိုင်ပွဲများကို ယနေ့နံနက် ၁၀ နာရီကအဆိုပါ ဦးစီးဌာနရှိ လူထုအခြေ ပြုဗဟိုဌာန(Community Centre ) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 16,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် ၂၀၂၂−၂၃ ပညာသင်နှစ် အသက်(၁၃)နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၃)နာရီက မြို့နယ်အားကစားကွင်းတွင်ကျင်းပခဲ့ရာ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ပညာရေးဝန်ထမ်းမိသားစုများ ကျောင်းသား/သူများ ပြည်သူများလာရောက် ကြည့်ရှုအားပေးခဲ့သည်။
Dec 16,2022
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ မြို့မရဲစခန်းနှင့်ပညာရေးဌာနတို့ပူးပေါင်းပြီး ကျောင်းသား/ကျောင်းသူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေဟောပြောပွဲကို ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က (အထက)ချောင်းဆုံအခြေခံပညာအထက်တန်းကျောင်း(သီရိရတနာ)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။