ကျောက်ဆည် ဒီဇင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် (၁၁) နာရီက ကလေးသူငယ်များ အခွင့်အရေးဆုံးရှုံးမှုမရှိစေရေး ခရိုင်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဒုတိယခရိုင် အုပ်ချုပ်ရေးမှူးဦးငွေဒိုးက မြန်မာနိုင်ငံသည် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ် United Natoon Convention on the Child (UNCR) တွင် ပါဝင်လက်မှတ်ရေးထိုးပြီး အဖွဲ့ဝင်နိုင်ငံတိုင်း စာချုပ်ပါအချက်အလက်များကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံတွင်လည်း တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်များ တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီများကို ဌာနဆိုင်ရာများ၊ ကလေးသူငယ် အရေးကိစ္စများ ဆောင်ရွက်နေသည့် အဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားပြီး မိမိပတ်ဝန်းကျင်ဒေသ အတွင်းရှိ ကလေးသူငယ်များ၏ အရေးကိစ္စများကို ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ကလေးငယ် များ၏ အဓိကအခွင့်အရေးများဖြစ်သည့် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက် ခံပိုင်ခွင့်၊ ပူးပေါင်းပါဝင်ဆောင်ရွက်ခွင့်များအား ကလေးငယ်များအားလုံးရရှိအောင် ဝိုင်းဝန်းဆောင်ရွက် သွားကြရမှာဖြစ်ကြောင်း၊ မိမိတို့ဒေသအတွင်းရှိ ကလေးသူငယ်များအားလုံး၏ အကောင်းဆုံး အကျိုးစီးပွားကို ရှေးရှုပြီး လုံခြုံစိတ်ချရသော ပတ်ဝန်းကျင်နှင့် ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းများ ရရှိစေနိုင်ရန် ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင်ရွက်ရမည့်လုပ်ငန်းများကို ရင်းနှီပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းဆောင်ရွက်သွားကြစေရေး အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ခရိုင်လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန်းသန်းစိုးက ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ နည်းဥပဒေများနှင့် ဌာမှဆောင်ရွက်လျက် ရှိသည့် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ကလေးနှင့်လူငယ် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ အမျိုးသမီးများ ကာကွယ်စောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများ၊ မသန်စွမ်းသူများနှင့် သက်ကြီးရွယ်အိုများ ဘဝမြှင့်တင်ရေးနှင့် စောင့်ရှောက်ရေး လုပ်ငန်းများ၊ ဖြစ်ရပ်စီမံခန့်ခွဲမှုနှင့် စေတနာ့ဝန်ထမ်းလုပ်ငန်းများ၊ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအား ထောက်ပံ့ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများ၊ လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများအကြောင်းကိုလည်းကောင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ဌာနအတွင်း ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကိစ္စရပ်များ၊ အသိပညာပေးဆောင်ရွက်ခြင်း လုပ်ငန်းများအကြောင်းများ ဆွေးနွေးခဲ့သည့်အပြင် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် လူမှုရေးအဖွဲ့ဝင် များက ဌာနအလိုက်၊ အသင်းအဖွဲ့အစည်းအလိုက် ဆောင်ရွက်နေမှုများကို အသီးသီးပြန်လည် ဆွေးနွေးကြရာ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးငွေဒိုးက ဆွေးနွေးမှုများအပေါ် ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
သက်မောင် (ခရိုင် ပြန်/ဆက်)