အမ်း ဒီဇင်ဘာ ၁၆
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တပ် တောင်မြို့၌ (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့အုပ်ချုပ်ရေးမှူးနှင့်လုပ်ငန်းရှင်များ ဘောလုံးဝါသနာရှင် လူငယ်များစုပေါင်းကျင်းပသော ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက အမှတ်(၃) ရပ်ကွက် (အထက)ဘောလုံးအားကစားကွင်း၌ ဖွင့်ပွဲကျင်းပခဲ့ ကြောင်း သိရသည်။
အဆိုပါ(၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖိတ်ခေါ်ဖလား ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့ မြို့အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာများ၊ တပ်တောင်မြို့ စီးပွားရေးလုပ်ငန်းရှင်များ၊ဘော လုံးဝါသနာရှင်လူငယ်များတက်ရောက်ခဲ့ပြီး မြို့အုပ်ချုပ်ရေးမှူး ဦးအောင်သန်းက အဖွင့်အမှာစကားပြောကြားခဲ့ရာ ဘောလုံးပြိုင်ပွဲကို တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေး၊စိတ် ဓာတ်ကောင်းမွန် ဉာဏ်ရည်မြင့်မားသည့် အားကစားသမားများပေါ်ထွန်းရေး၊ မြို့အတွင်းရှိ ဒေသခံပြည်သူများ မူးယစ်ဆေးဝါးကင်းစင်၍ လူ့စွမ်းအားအရင်း အမြစ်များမွေးထုတ်ပေးနိုင်ရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပါကြောင်းပြောကြားကာ ဖိတ်ခေါ်ဖလား ဘောလုံး အားကစားပြိုင်ပွဲကို မြို့ပတ်ဝန်းကျင်မှ ဘောလုံးအသင်း (၂၉)သင်း ပါဝင်ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
စိုးမင်းထွန်း