ဝမ်းတွင်း ဒီဇင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပခြင်းကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centreခန်းမတွင်ကျင်းပ ပြုလုပ်ခဲ့သည်။
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မူမြစောမှပြောကြားရာတွင် ကျောင်းသားကျောင်းသူလေးများအားလွတ်လပ်ရေးနေ့သမိုင်းကြောင်းနှင့် လွတ်လပ်ရေး သစ္စာအဓိဌာန်(၉)ချက်၊ မြန်မာ့လွတ်လပ်ရေးကာလတစ်လျှောက်ချုပ်ဆိုခဲ့သော စာချုပ်များအကြောင်းသိကောင်းစရာ၊ လွတ်လပ်ရေးဆိုသည့် အဓိပ္ပါယ်၊ ကမ္ဘာတည်သရွေ့စောင့်ရှောက်ကြမည်စသည့် သိကောင်းစရာများကို သိရှိနားလည်ပြီး လွတ်လပ်ရေးကို ထာဝစဥ်ကာကွယ်စောင့် ရှောက်တက်စေရန် ရည်ရွယ်ချက်များဖြင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး အခြေခံပညာအထက်တန်း ကျောင်း(သဲတော) ယာယီကျောင်းအုပ်ဆရာကြီး ဦးသန်းဆောင်မှ ပြိုင်ပွဲနှင့် ပတ်သက်၍စည်းမျဥ်း စည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။ ထို့နောက် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ကျင်းပခဲ့ပြီး ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား တာဝန်ရှိသူများက ဒိုင်းဆုနှင့် အမှတ်တရ လက်ဆောင်များပေးအပ် ချီးမြှင့်ခဲ့ကြောင်းသိရသည်။
အဆိုပါ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို အခြေခံပညာအထက်တန်းကျောင်း (သဲတော) Grade-7၊ Grade-8မှ ကျောင်းသား ကျောင်းသူ(၁၉)ဦးမှ ပါဝင်ယှဥ်ပြိုင်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်