အမြို့မြို့အနယ်နယ်သတင်းများ

Dec 16,2022
ရန်ကုန်တိုင်းဒေသကြီ၊ တွံတေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲကို ယမန်နေ့ နေလည်၁နာရီ မိနစ်၃၀က တလုထ္တော်ကျေးရွာ အခြေခံပညာမူလတန်း (လွန်)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 16,2022
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌  ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် ပြဋ္ဌာန်းခဲ့သည့် အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ  ဥပဒေသစ်များအား အသိပေးရှင်းလင်းခြင်းကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Dec 16,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ယနေ့မွန်းလွဲ ၁ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်း၍ လူငယ်နှင့်စာဖတ်ခြင်းအကျိုးကျေးဇူး အသိပညာပေး Talk Show ကို လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 16,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်ရှိ နေကြာစိုက်တောင်သူများအား မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့က  သမ္ဘာချောင်းကျေးရွာ၌  ကျင်းပခဲ့ကြသည်။
Dec 16,2022
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်တွင် ကြက်ခြေနီအသင်းခွဲနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းအမှတ်စဉ် (၁၀/၂၀၂၂)နှင့် (၁၁/၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ကျင်းပခဲ့သည်။
Dec 16,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် ညောင်ငုတ်တိုကျေးရွာ၌ ဆောင်းသီးနှံ(နေကြာ) စိုက်ပျိုးခြင်းနှင့် တောင်သူပညာပေးကွင်းသရုပ်ပြပွဲ အခမ်းအနားကို ယမန်နေ့က ညောင်ငုတ်တိုကျေးရွာ အုပ်စုရှိ လယ်ယာမြေ(၄) ဧက၌ ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။
Dec 16,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ဒဂုံတက္ကသိုလ်(၂၉)နှစ်ပြည့်အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲကို ဒဂုံတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ယမန်နေ့နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။