တွံတေး ဒီဇင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီ၊ တွံတေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲကို ယမန်နေ့ နေလည်၁နာရီ မိနစ်၃၀က တလုထ္တော်ကျေးရွာ အခြေခံပညာမူလတန်း (လွန်)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် အ.မ.က(မူလွန်)ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းစန္ဒာက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသက်ဦးက လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံအကြောင်းအားလည်ကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်ဖြူဖြူဝင်းက စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ခြင်း၏ အကျိုးကျေးဇူးနှင့်(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲတွင်လွတ်လပ်ရေး၏ တန်ဖိုး၊ လွတ်လပ်ရေး၏ အနှစ်သာရကိုသိရှိပြီး ဂုဏ်ယူမြတ်နိုး တန်ဖိုးထားတတ်စေရေး လွတ်လပ်ရေးအဓွန့်ရှည်တည်တံ့ခိုင်မြဲဖို့ ထိန်းသိမ်းတတ်စေရေး မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြတ်စေရေး၊ လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းမှုများနှင့် လွတ်လပ်ရေးနေ့ပေါ်ပေါက်လာပုံ သမိုင်းကြောင်းများအား အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာအုပ်စာစောင်များ ဖတ်ရူလေ့လာခြင်းနှင့် ပြသထားသော ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှု ရှားပါးဓာတ်ပုံများ၊ ကိုဗစ်-၁၉ရောဂါနှင့် ပတ်သတ်သည့် အသိပညာပေး နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရယ် အသိပညာပေး နံရံကပ်စာစောင်၊ လူကုန်ကူးမူဆိုင်ရာ သိကောင်းစရာ နံရံကပ်စာစောင်များ၊ မိုးရာသီတွင်ဖြစ်ပေါ်လာမည့် ဆိုင်ကလုန်းမုန်တိုင်းနှင့် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး နံရံကပ်စာစောင်များ၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်နံရံကပ်စာစောင်များ ပြသထားရာ ဆရာ၊ ဆရာမများ၊ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
တွံတေးသား (ပြန်/ ဆက်)