ဒလ ဒီဇင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် ညောင်ငုတ်တိုကျေးရွာ၌ ဆောင်းသီးနှံ(နေကြာ) စိုက်ပျိုးခြင်းနှင့် တောင်သူပညာပေးကွင်းသရုပ်ပြပွဲ အခမ်းအနားကို ယမန်နေ့က ညောင်ငုတ်တိုကျေးရွာ အုပ်စုရှိ လယ်ယာမြေ(၄) ဧက၌ ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။
အခမ်းအနားသို့ တွံတေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်ကျော်နှင့်အဖွဲ့ဝင်များက ဆောင်းသီးနှံ (နေကြာ) စိုက်ပျိုးခြင်းနှင့် သရုပ်ပြ အခမ်းအနားသို့ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
ဆက်လက်၍ ဆောင်းသီးနှံ (နေကြာ)စိုက်ပျိုးမှုကို တောင်သူ ဦးစိုင်းညီညီ၏ ကွင်းအမှတ် (၁၉၆-က)၊ ဦးပိုင်အမှတ် (၂/၆)ရှိ လယ်မြေလေးဧကတွင် နေကြာမျိုးစေ့ကို စိုက်ပျိုးရာတွင် စက်နှင့်မျိုစေ့ချခြင်း၊ လက်နှင့် မျိုးစေ့ချခြင်းစသည့် နည်းစနစ်တို့ဖြင့် စိုက်ပျိုးခဲ့ကြသည်။
ထို့နောက် ဆောင်းသီးနှံ (နေကြာ) စိုက်ပျိုးမှု အခြေအနေအား စိုက်ပျိုးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်နိုင်ဦးမှ ရှင်လင်းတင်ပြရာတွင် တွံတေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထင်ကျော်က သတ်မှတ် ကာလအတွင်း လျာထား ဧက ပြည့်မီစွာ စိုက်ပျိုးနိုင်ရေး လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
ကျော်စည်သူ (ပြန်/ ဆက်)