ဒလ ဒီဇင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်ရှိ နေကြာစိုက်တောင်သူများအား မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့က သမ္ဘာချောင်းကျေးရွာ၌ ကျင်းပခဲ့ကြသည်။
အဆိုပါ အခမ်းအနား၌ တွံတေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်ကျော်က စကားပြောကြားပြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်နိုင်ဦးက စီမံကိန်းဆိုင်ရာ အကြောင်း ရှင်းလင်းပြောကြားခဲ့ကြသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ သမ္ဘာချောင်းကျေးရွာရှိ နေကြာစိုက်တောင်သူ (၃၄)ဦးထံသို့ မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ ကျပ်သိန်း (၁၀၀) အား လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိ သည်။
ကျော်စည်သူ (ပြန်/ ဆက်)