ညောင်လေးပင် ဒီဇင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ယနေ့မွန်းလွဲ ၁ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်း၍ လူငယ်နှင့်စာဖတ်ခြင်းအကျိုးကျေးဇူး အသိပညာပေး Talk Show ကို လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပထမဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်နီနီဝင်းမှ Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌဦးစိုးဝင်း(မောင်စုမြင်-ညောင်လေးပင်)မှ လူငယ်များစာပေဖတ်ရှုခြင်းကြောင့် ရရှိမည့်အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး Talk Show များအား လစဉ်ကျင်းပလျက်ရှိပြီး နောက်လများတွင်လည်း ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နီနီဝင်းထံမှသိရသည်။
မြို့နယ်ပြန်ဆက်