အမြို့မြို့အနယ်နယ်သတင်းများ

Nov 26,2022
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် စားသုံးသူများဘေးအန္တရာယ် ကင်းရှင်းစွာစားသုံးနိုင်ရေးအတွက် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှဦးစီးသောပူးပေါင်းအဖွဲ့ဖြင့် ယမန်နေ့နံနက်ပိုင်းက မုန့်တီဖတ်ထုတ်လုပ်ရောင်းချသည့် စက်ရုံများသို့ ကွင်းဆင်း အသိပညာပေးခဲ့ကြသည်။
Nov 26,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်သော ကလေးအလုပ်သမား ပပျောက်ရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပေပြာပွဲကို ယနေ့နံနက် (၀၉:၀၀)နာရီအချိန် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 26,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(ကျွန်းစု)၏  ၂၀၁၉-၂၀၂၀/၂၀၂၁-၂၀၂၂ ပညာသင်နှစ်များအတွက် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းက မြို့ပေါ်အမှတ်(၁)ရပ်ကွက်ရှိ မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Nov 26,2022
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၁၀၆) ယာဉ်ထိန်းရဲ တပ်ဖွဲ့စုမှူးရုံးတို့ ပူးပေါင်း၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး  Talk Show ကျင်းပ ဆောင်ရွက်ခြင်းကို အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ယနေ့၊ နေ့ပိုင်းက ကျင်းပ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 26,2022
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ရှားတောလေးကျေးရွာအနီး တည်ထား ကိုယ်ကွယ်ထားသည့် မန္တလေးစွယ်တော်မြတ်စေတီ၏ ၂၇ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်၊ ရွှေကြာသင်္ကန်းကပ်လှူပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်းကပ်လှူပူဇော်ပွဲကို ယမန်နေ့ညနေ ၅ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
Nov 26,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် ၂၀၂၂-၂၀၂၃ခုနှစ် ဆောင်းရာသီ နေကြာသီးနှံမျိုးစေ့ထုတ်စိုက်ပျိုးကွင်းသရုပ်ပြပွဲကို ယနေ့နံနက်(၉) နာရီအချိန်က ကြံခင်းမြို့နယ် ဇီးပင်ကွင်းအုပ်စုရှိ တောင်သူဦးဝင်းနိုင်၏ လယ်မြေတွင် ကျင်းပပြုလုပ်သည်။
Nov 26,2022
ပြည်ပစားသုံးဆီတင်သွင်းမှုလျော့ချရေးနှင့် ပြည်တွင်းစားသုံးဆီဖူလုံပိုလျှံရေးတို့အတွက် ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံစုံ စုစုပေါင်း ၁၈၆၉၁၅ ဧက စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Nov 26,2022
စစ်ကိုင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၂ ခုနှင်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပေးအပ်ပွဲကို ယမန်နေ့ နံနက်ပိုင်းက စစ်ကိုင်းမြို့၊ မျက်မမြင်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။