Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဗိုလ်တထောင်မြို့နယ် အ. ထ.က(၆) ကျောင်းတွင် အသိပညာပေးဟောပြောပွဲ ကျင်းပ
Nov 26,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် အမှတ်(၆)အခြေခံပညာ အထက်တန်း ကျောင်းတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ်က ကျင်းပခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ချမ်းမြသာစည်မြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းများတွင် လူငယ်စကားဝိုင်း ကျင်းပဆောင်ရွက်
Nov 26,2022
မန္တလေးတိုင်းးဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်များ တိုးတက်စေရန်၊ လူငယ်အချင်းချင်း အသိပညာ၊ အတတ်ပညာများ ဖလှယ်နိုင်စေရန်၊ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေပြီး စဉ်းစားတွေးခေါ်မှု စွမ်းရည်များ ရင့်သန်လာစေရန်တို့ကို ရည်ရွယ်၍ အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က အမှတ်(၃၅) အခြေခံပညာ အထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့နယ်တွင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီ ဖွဲ့စည်းတာဝန်ပေးအပ်
Nov 26,2022
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်တွင် မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီဖွဲ့စည်းတာဝန်ပေးအပ်ခြင်း အခမ်းအနားအား ယမန်နေ့နံနက် ၁၀ နာရီက ဒဂုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
သရက်မြို့၌ စားသုံးရန်မသင့်ဟုထုတ်ပြန်ထားသော စားသောက်ကုန်များ ရောင်းချနေမှု ရှိ/မရှိနှင့် ဈေးကွက်အတွင်း လက်ကျန်မရှိစေရေး ကွင်းဆင်းစစ်ဆေး
Nov 26,2022
မကွေးတိုင်းဒေသကြီး သရက်မြို့၌ စားသုံးရန် မသင့်ဟုထုတ်ပြန်ထားသောစားသောက် ကုန်များ ရောင်းချနေမှု ရှိ/မရှိ နှင့် ဈေးကွက်အတွင်း လက်ကျန်မရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ခရိုင်စားသုံးသူဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ကျန်းမားရေးဦးစီးဌာန၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့က ယမန်နေ့နံနက် ၉ နာရီခွဲက မြို့မဈေးအတွင်း ရောင်းချနေသည့် ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အမ်းမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်အညီ လိုက်နာမောင်းနှင်သွားလာနိုင်စေရေး အသိပညာပေးဟောပြောပွဲကျင်းပ
Nov 26,2022
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်အတွင်း ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့်အညီ လိုက်နာမောင်းနှင်သွားလာနိုင်စေရေး၊ ယာဉ်မတော် တဆမှုများလျော့နည်းစေရေးအတွက် အသိပညာပေးဟောပြောပွဲကို စျေးတောင်ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်ခွဲ (အမှုထမ်း- ၂)၌ ယမန်နေ့ နေ့လယ်က ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် နေပြည်တော်အတွင်း မဲစာရင်းပြုစုရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်
Nov 26,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မဲစာရင်းပြုစုခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယမန်နေ့မွန်းလွဲ (၃) နာရီခွဲတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို ၂၀၂၂ ခုနှစ်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်…
Nov 26,2022
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအဆုံးသတ်ရေး အားလုံးပေါင်းစုလှုပ်ရှားပေးဟူသော ဆောင်ပုဒ်နှင့်အညီ ၂၀၂၂ ခုနှစ်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ဝါးခယ်မမြို့နယ် ကျုံမငေးမြို့၌ အများပြည်သူများ ပါးစပ်နှာခေါင်းစည်း Mask စနစ်တကျ တပ်ဆင်သွားလာစေရန် Mask Campaign ပြုလုပ်
Nov 26,2022
ဧရာဝတီတိုင်းဒေသကြီး ၊ မြောင်းမြခရိုင် ၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့တွင် ကိုဗစ်-၁၉ ရောဂါနှင့် ဆက်စပ်ဖြစ်ပွားလျက်ရှိသော ကူးစက်ရောဂါများ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ အများပြည်သူများ နေအိမ်ပြင်ပထွက်ခွာပါက ပါးစပ်နှာခေါင်းစည်း Mask များ စနစ်တကျ တပ်ဆင်သွားလာမှု ရှိစေရေး Mask Campaign ပြုလုပ်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်တွင် အများပြည်သူသွားလာရာနေရာများ၊ လူစည်ကားရာနေရာများ၊ မြို့အဝင်၊ အထွက်စစ်ဆေးရေးဂိတ်နှင့် ဈေးများအတွင်း အသိပညာပေးခြင်းများ၊ နှာခေါင်းစည်း(Mask)အခမဲ့ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
13446
Page
13447
Page
13448
Page
13449
Current page
13450
Page
13451
Page
13452
Page
13453
Page
13454
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department