တောင်ကုတ် နိုဝင်ဘာ ၂၆
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် စားသုံးသူများဘေးအန္တရာယ် ကင်းရှင်းစွာစားသုံးနိုင်ရေးအတွက် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှဦးစီးသောပူးပေါင်းအဖွဲ့ဖြင့် ယမန်နေ့နံနက်ပိုင်းက မုန့်တီဖတ်ထုတ်လုပ်ရောင်းချသည့် စက်ရုံများသို့ ကွင်းဆင်း အသိပညာပေးခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ခြင်းကို ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမောင်ကျော်မြင့် ဦးဆောင်သော ပူးပေါင်းအဖွဲ့ဖြစ်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့နှင့် ကျန်းမားရေးဦးစီးဌာနတို့မှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဂူတာရပ်ကွက်နှင့် ကိုင်းရှည်ကျေးရွာအတွင်းရှိ မုန့်တီထုတ်လုပ်ဖြန့်ဖြူးလျက်ရှိသည့် စက်ရုံများသို့ သွားရောက်၍ လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်ရေးနှင့်သန့်ရှင်းမှုရှိစေရေးတို့အတွက် အသိပညာပေးဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်