ကြံခင်း နိုဝင်ဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် ၂၀၂၂-၂၀၂၃ခုနှစ် ဆောင်းရာသီ နေကြာသီးနှံမျိုးစေ့ထုတ်စိုက်ပျိုးကွင်းသရုပ်ပြပွဲကို ယနေ့နံနက်(၉) နာရီအချိန်က ကြံခင်းမြို့နယ် ဇီးပင်ကွင်းအုပ်စုရှိ တောင်သူဦးဝင်းနိုင်၏ လယ်မြေတွင် ကျင်းပပြုလုပ်သည်။
အဆိုပါ ကွင်းသရုပ်ပြသခြင်းကို ကွင်းအမှတ်(၇၀)၊ ဦးပိုင်အမှတ်(၁၂၀)၊ တောင်သူဦးဝင်းနိုင်၏ လယ်မြေ (၂.၀၀)ဧကတွင် ကျင်းပခဲ့ရာ မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးကြည်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည်သိမ်းကျော်နှင့် တာဝန်ရှိသူများ၊ မြို့နယ် စိုက်တိုးမြှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများတက်ရောက်ကြသည်။
ကြံခင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု(၃၅)စုတွင် ၂၀၂၂-၂၀၂၃ ခုနှစ်ဆောင်းရာသီ နေကြာသီးနှံမျိုးစေ့ထုတ် စိုက်ပျိုးရန် သီးသန့်(၆၉၈၃)ဧကနှင့် သီးညှပ်(၂၃၂၇)ဧက စုစုပေါင်း (၉၃၁၀)ဧက စိုက်ပျိုးရန် လျာထားကြောင်းနှင့် ယနေ့ထိ (၂၁၅၀)ဧက စိုက်ပျိုးပြီးစီကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူထံက သိရသည်။
မြို့နယ်(ပြန်/ဆက်)