Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
စကုမြို့၌ တိုင်းရင်းဆေး အသိပညာပေးဟောပြောပွဲနှင့် ဆေးကုသပေးခြင်းများဆောင်ရွက်
Nov 27,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ စကုမြို့၌ မကွေးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ကြီးကြပ်မှုအဖွဲ့မှ ကြီးမှူးကျင်းပသော တိုင်းရင်းဆေး အသိပညာပေးဟောပြောပွဲနှင့် ဆေးကုသပေးခြင်းများကို ယမန်နေ့နံနက် ၈ နာရီအချိန်က စကုမြို့ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)တောင်ရပ်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပင်လောင်းမြို့နယ်၌ ဝက်မျိုးကောင်းမျိုးသန့် တိုးချဲ့မွေးမြူနိုင်ရေး မွေးမြူရေးကဏ္ဍချေးငွေ လွှဲပြောင်းပေးအပ်
Nov 27,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ပေါ့အင်ကျေးရွာအုပ်စု၊ ဘုရားဖြူကျေးရွာ၌ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့မှ တဆင့်ထုတ်ချေးသည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မွေးမြူရေး ကဏ္ဍချေးငွေဖြင့် ဝက်မျိုးကောင်းမျိုးသန့်တိုးချဲ့မွေးမြူရန်အတွက် ချေးငွေကျပ်သိန်း(၃၀၀) လွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့နံနက် ၉ နာရီတွင်ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပုဇွန်တောင်မြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ အသိပညာပေးနံရံကပ်စာစောင် ပြပွဲနှင့်စာအုပ်စာစောင်ပြပွဲကျင်းပ
Nov 27,2022
ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်များဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကလေးသူငယ်များ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရန်၊ အားကစားပြုလုပ် ခြင်းဖြင့် ရရှိစေမည့် အကျိုးကျေးဇူးများအား သိရှိလာစေရန်နှင့် စာအုပ်စာပေများအား လေ့လာဖတ်ရှု ကြစေရန်ရည်ရွယ်ချက်ဖြင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ အသိပညာပေးနံရံကပ်စာစောင် ပြပွဲနှင့်စာအုပ်စာစောင်ပြပွဲကို နိုဝင်ဘာ ၂၄ ရက်နေ့ နံနက် ၁၀ နာရီက အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၊ တေဇခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မရမ်းကုန်းမြို့နယ်၌ သွေးလွန်တုတ်ကွေးရောဂါ ဖြစ်ပွားမှုမှ ကာကွယ်နိုင်ရေး ခြင်ဆေးဖျန်းခြင်းများ ဆောင်ရွက်
Nov 27,2022
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ် (၆) အခြေခံပညာ အလယ်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ သွေးလွန်တုတ်ကွေးရောဂါဖြစ်ပွားမှုမှ ကာကွယ်နိုင်ရေး ခြင်ဆေးဖျန်းခြင်းများကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လေးမျက်နှာမြို့နယ် ကြီးပေါက်ကုန်းကျေးရွာအုပ်စု၊ ငြိမ်းအေးကျေးရွာတွင် မြစိမ်းရောင်စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့်ကျေးရွာ ကော်မတီရွေးချယ်ဖွဲ့စည်း
Nov 26,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ကြီးအောက်ကုန်းကျေးရွာအုပ်စု ငြိမ်းအေးကျေးရွာတွင် ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ အကောင် အထည်ဖော်ဆောင်ရွက်မည့် မြစိမ်းရောင် စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာကော်မတီ ရွေးချယ်ဖွဲ့စည်းခြင်းကို ယနေ့ နံနက်ပိုင်း၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရွှေပြည်သာမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး (Mask Campaign) ပြုလုပ် ဆောင်ရွက်
Nov 26,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ နေအိမ်ပြင်ပထွက်တိုင်း (Mask) မဖြစ်မနေတပ်ဆင်သွားလာရေး အသိပညာပေး ( Mask Campaign)ကို ယနေ့နံနက် (၈)နာရီအချိန်တွင် လူစည်ကားရာနေရာများ၊ ကားဂိတ်များနှင့် အမှတ်(၄)လမ်းမကြီးတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မန်ကန်မြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် (Hand speaker)ဖြင့် (ရှမ်း၊ ဝ၊ ဗမာ) အသိပညာပေးနှိုးဆော်ခြင်းနှင့် Mask များဖြန့်ဝေ
Nov 26,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မန်ကန်မြို့၌ ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် မန်ကန်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီအဖွဲ့ဝင်များ ပူးပေါင်း၍ မြို့တွင်းရပ်ကွက်များနှင့် လူသွားလူလာများသည့်နေရာများတွင် ယနေ့နံနက် ၉ နာရီအချိန်က အသိပညာပေးနှိုးဆော်ခြင်းနှင့် Mask ဖြန့်ဝေခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့၌ ပြည်သူများ ယာဉ်အန္တရာယ်ကင်းစွာ သွားလာနိုင်ရေး မြို့တွင်းကတ္တရာလမ်းများ အဆင့်မြှင့်တင်ဆောင်ရွက်
Nov 26,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က မြို့ပြအင်္ဂါရပ်နှင့် အညီ သန့်ရှင်းသာယာလှပ စေရေးအတွက် မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ငွေလုံးငွေလုံးရင်း ခွင့်ပြုရန်ပုံငွေဖြင့် မြို့တွင်းကတ္တရာလမ်းအား ပြည်သူများ ယာဉ်အန္တရာယ်ကင်းစွာ သွားလာနိုင်ရေးအတွက် ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
13445
Page
13446
Page
13447
Page
13448
Current page
13449
Page
13450
Page
13451
Page
13452
Page
13453
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department