စစ်ကိုင်းခရိုင် ပြန်/ဆက်ရုံးတွင် ယာဉ်စည်းကမ်း/လမ်းစည်းကမ်း အသိပညာပေး Talk Show ကျင်းပ ဆောင်ရွက်

စစ်ကိုင်း နိုဝင်ဘာ ၂၆

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၁၀၆) ယာဉ်ထိန်းရဲ တပ်ဖွဲ့စုမှူးရုံးတို့ ပူးပေါင်း၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး  Talk Show ကျင်းပ ဆောင်ရွက်ခြင်းကို အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ယနေ့၊ နေ့ပိုင်းက ကျင်းပ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဇာဖြူထွန်းက Talk Show ကျင်းပဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး အမှတ် (၁၀၆)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးမှ ရဲအုပ်သီင်္ဂီဝင်းက ယာဉ်မျိုးစုံအသုံးပြုသူ၊ လမ်းအသုံးပြုသူ ပြည်သူများ အန္တရာယ် မဖြစ်ပွားစေရေး ဆောင်ရန်/ရှောင်ရန်အချက်များ၊ သက်မှတ်မိုင်နှုန်း မောင်းနှင် မှုမရှိပါက အန္တရာယ်ဖြစ်ပွားလာနိုင်ကြောင်း၊ အန္တရာယ်ဖြစ်ပေါ်လာပါက နောက်ဆက်တွဲဆိုးကျိုးများ၊ မိမိတို့ဌာနအနေဖြင့် ပြည်သူများယာဉ်အန္တရာယ် ဖြစ်ပွားမှု လျော့နည်းနိုင်ရေးနှင့် ပပျောက်ရေးတို့ အတွက် မြို့၏ အချက်အခြာကျသည့် နေရာများတွင် ခရီးသွားပြည်သူများအား အသိပညာပေးခြင်း၊ စစ်ဆေးအရေးယူခြင်း များကိုလည်းကောင်း၊ အဆင့်ပညာဦးစီးဌာနနှင့် အခြေခံပညာကျောင်းများသို့ လည်း ယာဉ်/လမ်းစည်းကမ်းများအကြောင်း အသိပညာပေး ဟောပြောပေးလျက်ရှိကြောင်း စသည်ဖြင့် ဦးဆောင် ဆွေးနွေးပေးခဲ့သည်။

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတများ ရရှိစေရန် Talk Showများဆောင်ရွက်ခြင်း၊ အသိပညာပေး ဆွေးနွေးပွဲများ ကျင်းပခြင်း၊ စာအုပ်/စာစောင်များ အခမဲ့ငှားရမ်းပေးခြင်း၊ ပြပွဲ/ပြိုင်ပွဲနှင့် လူငယ်စကားဝိုင်းများ ကျင်းပခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇော်မြင့်နိုင်