လဟယ်မြို့တွင် ကလေးအလုပ်သမားပပျောက်ရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲ ကျင်းပ

လဟယ် နိုဝင်ဘာ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်သော ကလေးအလုပ်သမား ပပျောက်ရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပေပြာပွဲကို ယနေ့နံနက် (၀၉:၀၀)နာရီအချိန် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ လဟယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးဇာနည်ဝင်းက ဟောပြောပွဲ အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့လူငယ်နောင်တွင်လူကြီး ဖြစ်လာမည့် လူငယ်များ အနေဖြင့် စည်းကမ်းလိုက်နာရန် လိုအပ်ကြောင်း ဆွေးနွေမှာကြာပြီး လဟယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရှားဆက်က ဟောပြောပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပါသည်။

ထို့နောက် လဟယ်မြို့နယ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးရန်အေးက ယာဉ်စည်းကမ်း၊ လမ်စည်းကမ်း ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မြို့နယ်ဉဒေအရာရှိ ဦးကျော်ထက်အောင်က ကလေးသူငယ် အခွင့်အရေးနှင့် ကလေးသူငယ်အလုပ်သမား ပပျောက်ရေးခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးဟောပြောပြီး လူငယ်သင်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးဒေးဗစ်ချမ်းမှ ဟောပြောပွဲတွင် ပါ၀င်ဆွေးနွေးကြသော ဌာနများအား ကျေးဇူးတင်ကြောင်း ပြောကြားပါသည်။ ၎င်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ/ရသ စာအုပ်စာစောင်များကို ဖတ်ရှု့ခဲ့ကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်