Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မိုင်းခုတ်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်ကွင်းဆင်းဆောင်ရွက်ပေး
Nov 25,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာဖတ်ပရိသတ်ထံ လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်းပေးခြင်းကို အပတ်စဉ် ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီက မြို့ပေါ်ရပ်ကွက်များသို့ ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းစုမြို့တွင် အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်း ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲ ကျင်းပ
Nov 25,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲကို ယမန်နေ့ညနေပိုင်းက မြို့နယ်မိုးလုံလေလုံအားကစားခန်းမ၌ အထက(ခွဲ)ကတန်အသင်းနှင့် အထက တာရပိုင်း ကျောင်းအသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရာ အထက တာရပိုင်းအသင်းက (၂)ပွဲ အနိုင်ဖြင့် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား တံခွန်စိုက်ဆုဖလားကို ရရှိခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လွိုင်လင်မြို့နယ်၊ ခဲတန်ကျေးရွာနှင့်ဟွေတောက်ကျေးရွာ၌ အခြေခံပညာကျောင်းဆောင်သစ် ဆောက်လုပ်ခြင်းအား ကွင်းဆင်းစစ်ဆေး
Nov 25,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်အတွင်းရှိ ခဲတန်ကျေးရွာနှင့် ဟွေတောက်ကျေးရွာတို့တွင် အခြေခံပညာမူလွန် ကျောင်းဆောင်သစ်ဆောက်လုပ်နေမှုကို ခရိုင်တည်ဆောက်ရေးလုပ်ငန်း အရည်အသွေးစစ်ဆေးရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်နှင့်အဖွဲ့ဝင်များသည် ယမန်နေ့နံနက်ပိုင်းက သွားရောက်စစ်ဆေးကြသည်။
အပြည့်အစုံ ဖတ်ရန်
မြို့သစ်မြို့နယ်၏ ဒေသထွက်ငရုတ်သီးစိမ်းများ စျေးကောင်းရ၍အဆင်ပြေ
Nov 25,2022
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ငရုတ်ပင်များကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားရာ ငရုတ်သီးအပင်များ အောင်မြင်ဖြစ်ထွန်းပြီးငရုတ်သီးစိမ်းစျေးများ အနည်းငယ်မြင့် တက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေးတိုင်းဒေသကြီး ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးကော်မတီ အစည်းအဝေး (၁/၂၀၂၂) ကျင်းပ
Nov 25,2022
မန္တလေးတိုင်းဒေသကြီး ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၂) ကို ယမန်နေ့နံနက် ၈နာရီအချိန်၌ ပုဂံရှေးဟောင်း သုတေသနပြတိုက်အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ခဲ့ရာ ကော်မတီ ဥက္ကဋ္ဌ ဖြစ်သည့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင်ဦးမောင်ကိုနှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီးနှင့် ကော်မတီဝင်များ၊ ညောင်ဦးခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မလှိုင်မြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး (VDP) စီမံကိန်း မိတ်ဆက်ရှင်းလင်းပွဲ ကျင်းပ၍ လုပ်ငန်းကော်မတီ ဖွဲ့စည်းတာဝန်ပေးအပ်
Nov 25,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးဌေးသန်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်စုစုနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး(VDP) စီမံကိန်း မိတ်ဆက်ရှင်းလင်းပွဲနှင့် လုပ်ငန်းကော်မတီ ဖွဲ့စည်းတာဝန်ပေးအပ်ပွဲကို ယမန်နေ့နံနက်ပိုင်းက မှရိုးကျေးရွာအုပ်စု၊ ကံသစ်ကျေးရွာ ဘုန်းကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သာပေါင်းမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ ဆောင်းသီးနှံ စိုက်ပျိုးစရိတ်ချေးငွေ ဘုရားကုန်းကျေးရွာအုပ်စု၊ တောင်သူ(၂၄)ဦး၊ စိုက်ပျိုးဧက(၁၈၃)ဧက၊ စိုက်ပျိုးစရိတ် ချေးငွေများဆက…
Nov 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲမှ စိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူများအား နှစ်စဉ်ထုတ်ချေးပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဆောင်းသီးနှံစိုက်ပျိုးစရိတ် ချေးငွေများကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ဆက်လက် ထုတ်ချေးပေးနေလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး လယ်ဝေးမြို့၊ အေလာ(အ.ထ.က)သို့ အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ တက်ရောက်
Nov 25,2022
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အေလာ(အ.ထ.က)သို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့နံနက် (၉) နာရီခွဲက ကျင်းပရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌဦးမြင့်စိုး နေပြည်တော် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးသက်လွင်ဦးနှင့် တိုင်း၊ ခရိုင်အဆင့်ဌာန ဆိုင်ရာများ၊ လယ်ဝေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
13450
Page
13451
Page
13452
Page
13453
Current page
13454
Page
13455
Page
13456
Page
13457
Page
13458
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department