ရွှေပြည်သာမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး (Mask Campaign) ပြုလုပ် ဆောင်ရွက်

ရွှေပြည်သာ နိုဝင်ဘာဘာ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ နေအိမ်ပြင်ပထွက်တိုင်း (Mask) မဖြစ်မနေတပ်ဆင်သွားလာရေး အသိပညာပေး ( Mask Campaign)ကို ယနေ့နံနက် (၈)နာရီအချိန်တွင် လူစည်ကားရာနေရာများ၊ ကားဂိတ်များနှင့် အမှတ်(၄)လမ်းမကြီးတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အသိပညာ‌ပေး ဆောင်ရွက်ရာတွင် ပြည်သူများ အပြင်သွားလာတိုင်း မဖြစ်မနေ Mask တပ်ဆင်ပြီးမှသာ သွားလာရေး အသိပညာပေး ဆောင်ရွက်ခဲ့ပြီး Mask မပါရှိသူများအား Mask အခုရေ (၁၂၀၀)အား ပြည်သူများထံ အခမဲ့ဖြန်ဝေပေးခဲ့ကြောင်း သိရသည်။

Mask Canpaign ပြုလုပ်ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နေမျိုးထွန်း (ရွှေပြည်သာ)