မရမ်းကုန်း နိုဝင်ဘာ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ် (၆) အခြေခံပညာ အလယ်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ သွေးလွန်တုတ်ကွေးရောဂါဖြစ်ပွားမှုမှ ကာကွယ်နိုင်ရေး ခြင်ဆေးဖျန်းခြင်းများကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
အဆိုပါ ခြင်းဆေးဖျန်းခြင်းကို မရမ်းကုန်းမြို့နယ် မြန်မာ့ကြယ်ဖြူ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များက ဆောင်ရွက်ကြပြီး ကျောင်းခန်းများနှင့် ခြင်ပေါက်ပွားနိုင်သည့် နေရာများသို့ ခြင်ဆေးများ လိုက်လံဖျန်းခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အေးအေးအောင် (ပြန်/ဆက်)