ပွင့်ဖြူမြို့၌ ပြည်သူများ ယာဉ်အန္တရာယ်ကင်းစွာ သွားလာနိုင်ရေး မြို့တွင်းကတ္တရာလမ်းများ အဆင့်မြှင့်တင်ဆောင်ရွက်

ပွင့်ဖြူ  နိုဝင်ဘာ ၂၆

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က  မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပ စေရေးအတွက် မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ငွေလုံးငွေလုံးရင်း ခွင့်ပြုရန်ပုံငွေဖြင့် မြို့တွင်းကတ္တရာလမ်းအား ပြည်သူများ ယာဉ်အန္တရာယ်ကင်းစွာ သွားလာနိုင်ရေးအတွက် ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးမှ သိရသည်။

အဆိုပါ မြို့တွင်းလမ်း အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ငွေလုံးငွေလုံးရင်း ခွင့်ပြုရန်ပုံငွေကျပ် (၁၅)သန်းအသုံးပြု၍ ပွင့်ဖြူမြို့တွင်း ကံ့ကော်လမ်း(ကတ္တရာလမ်း) အရှည်ပေ ၉၂၀ အား အကျယ် ၁၂ ပေ ၊ ထု ၄ လက်မခွဲ ကတ္တရာထပ်ပိုးလွှာခင်း၍ လမ်းအဆင့်မြှင့်တင်ခြင်းဖြစ်ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံအင်ဂျင်နီယာ ဦးဇော်မင်းဦး ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်းက မြို့တွင်းကတ္တရာလမ်း အဆင့်မြှင့်တင်ဆောင်ရွက်နေမှုအား သတ်မှတ်စံချိန်စံညွှန်းများနှင့် အညီ လုပ်ငန်းအရည်အသွေး ပြည့်မီစေရန်နှင့် အချိန်မီပြီးစီးရေးအတွက် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထိုက်အောင်နှင့် ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်နှင့် တာဝန်ရှိသူများက မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ ကတ္တရာထပ်ပိုးလွှာခင်း၍ လမ်းအဆင့်မြှင့်တင်ဆောင်ရွက်နေမှု နှင့် စပ်လျဉ်းပြီး အချိန်မီပြီးစီးရေးအတွက် ပစ္စည်းစုဆောင်းထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်း တင်ပြခဲ့သည်။

ထို့နောက် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက မြို့ပြသန့်ရှင်းသာယာလှပရေးနှင့် ပြည်သူများ ယာဉ်အန္တရာယ်ကင်းစွာ သွားလာနိုင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် မြို့တွင်းကတ္တရာလမ်း အဆင့်မြှင့်တင်ဆောင်ရွက်နေမှုအား လုပ်ငန်းအရည်အသွေး ပြည့်မီအောင်အလေးထား ဆောင်ရွက်သွားရန်ဆွေးနွေးမှာကြား ခဲ့ကြောင်း သိရသည်။ 

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )