မန်ကန် နိုဝင်ဘာ ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မန်ကန်မြို့၌ ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် မန်ကန်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီအဖွဲ့ဝင်များ ပူးပေါင်း၍ မြို့တွင်းရပ်ကွက်များနှင့် လူသွားလူလာများသည့်နေရာများတွင် ယနေ့နံနက် ၉ နာရီအချိန်က အသိပညာပေးနှိုးဆော်ခြင်းနှင့် Mask ဖြန့်ဝေခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့အသိပညာပေးနှိုးဆော်ရာတွင်ကျန်းမာရေးဝန်ကြီးဌာနမှ လမ်းညွှန်ထားသည့် ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေးလိုက်နာရမည့်နည်းလမ်းများ၊ ဆောင်ရန်ရှောင်ရန်အချက်များ၊ ကျန်းမာရေးဆိုင်ရာ အသိပညာပေးများနှင့် မိဘပြည်သူများအားလုံး ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရန်(Hand speaker)ဖြင့် (ရှမ်း၊ ဝ၊ ဗမာ) သုံးဘာသာဖြင့် အသိပညာပေးနှိုးဆော်ခြင်းနှင့် Mask များဖြန့်ဝေခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးနှိုးဆော်ခြင်းနှင့် Mask ဖြန့်ဝေခြင်းကို ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
မန်ကန်