အမြို့မြို့အနယ်နယ်သတင်းများ

May 21,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို လစဉ်(၂၁)ရက်နေ့မှစတင်၍ ပုံမှန်ထုတ်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်လည်း ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
May 21,2026
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို၌ ပုဂံပြည့်ရှင် အလောင်းစည်သူမင်းကြီးကိုယ်တိုင် တည်ထားကိုးကွယ်တော်မူခဲ့သော ရှေးဟောင်းသမိုင်းဝင်သီဟိုဠ်ရှင် မြတ်စွာဘုရားကြီး၏ နယုန်လဗုဒ္ဓပူဇနိယပွဲတော်ကို မေလ ၂၃ ရက်မှ ဇွန်လ ၇ ရက်နေ့အထိ ၁၆ ရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ရာ ယခုအခါ ဈေးဆိုင်ခန်းတစ်ချို့ စတင်ဖွင့်လှစ်ရောင်းချနေပြီဖြစ်ကြောင်း သိရသည်။
May 21,2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား/ကျောင်းသူများ နွေရာသီအားလပ်ချိန် စာအုပ်စာပေများနှင့် ရင်းနှီးမှုရှိစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်များ ရရှိစေရန်အတွက် စာရေးဆရာ မောင်ခင်မင် (ဓနုဖြူ) ရေးသားသော “ဥပစာကမ္ဘာကြီးထဲမှာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
May 21,2026
မွန်ပြည်နယ်၊မုဒုံမြို့နယ်တွင် မုန်တိုင်းဘေးအန္တရာယ်တုံ့ပြန်ရေးဆိုင်ရာနှင့် ပြည်သူလူထုပါဝင်သော ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက်ပိုင်းက ပင်လယ်ဆိပ်ကမ်းနားရှိ ကတုံးပေါ်ကျေးရွာ၌ ပြုလုပ်သည်။
May 21,2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဒေသနေပြည်သူများ စာပေဗဟုသုတ တိုးပွားစေရန် ယနေ့နံနက် ၉ နာရီက လိပ်သိုမြို့ အမှတ် (၂) ရပ်ကွက်သို့ သွားရောက်၍ စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
May 21,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ပြည်သူများအနေဖြင့် သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက ကြိုတင်ကာကွယ်နိုင်ရေးနှင့် ထိခိုက်ဆုံးရှုံးမှုလျော့နည်းစေရန်ရည်ရွယ်၍ သဘာဝဘေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်တန်းကျောင်းတွင် ကျင်းပသည်။