သံဖြူဇရပ် မေ ၂၀
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌နွေရာသီကျောင်းပိတ်ရက် ကျောင်းသား၊ ကျောင်းသူများအား အခြေခံပန်းချီရေးဆွဲနည်း သင်တန်းဆင်းပွဲကို မေ ၂၀ ရက် နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြုလုပ်သည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်အေးအေးသီက ကျောင်းသား/ ကျောင်းသူများအနေဖြင့် နွေရာသီ အခြေခံပညာပန်းချီရေးဆွဲနည်း သင်တန်းကိုဖွင့်လှစ်၍ ပြီးဆုံးပြီဖြစ်ရာ၊ ယခုတက်ရောက်လာကြသည့် ကျောင်းသားကျောင်းသူများအနေဖြင့် မိမိတို့၏ အတန်းအလိုက် လက်တွေ့ပြန်လည် အသုံးချနိုင်သည့် အကျိုးကျေးဇူးများ ရရှိလာနိုင်မည်ဖြစ်ကြောင်း ပြောကြားပြီး ၊ သင်ကြားပေးခဲ့သည့် ပန်ချီးပညာရှင် ဆရာကြီးအား ဂါဝရလက်ဆောင် ပေးအပ်သည်။
အဆိုပါသင်တန်းကို မြို့နယ်အတွင်း မူလတန်းနှင့်အလယ်တန်းအဆင့် ကျောင်းသား၊ကျောင်းသူ ၂၅ ဦးအား မေ ၁၁ ရက်နေ့မှ ၂၀ ရက်နေ့အထိ ၁၀ ရက်တိုင်တိုင် ဖွင့်လှစ်၍ ရေးဆွဲစေခဲ့ပြီး၊ သင်တန်းအပြီးတွင် သင်တန်းတက်ရောက်ခဲ့သည့် ကျောင်းသားကျောင်းသူများအား သင်တန်းတက်ရောက်ပြီး သင်ခန်းစာပုံများမှ ပန်းချီပြိုင်ပွဲ ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)