ကျောက်တန်းမြို့နယ်၌ သွေးလွန်တုတ်ကွေးရောဂါ ပညာပေးခြင်း၊ ဖုံးသွန်လဲစစ်၊ အဘိတ်ဆေးခပ်ခြင်းများ ဆောင်ရွက်

ကျောက်တန်း မေ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင် ၊ကျောက်တန်းမြို့နယ် မြို့ပေါ်ရပ်ကွက်များ၌ သွေးလွန်တုတ်ကွေးရောဂါပညာပေးခြင်း၊ ဖုံး၊သွန်၊ လဲ၊စစ်၊ အဘိတ်ဆေးခပ်ခြင်း၊ Active An Search ဆောင်ရွက်ခြင်းတို့ကို ယမန်နေ့က ဆောင်ရွက်ခဲ့သည်။

အဆိုပါဆောင်ရွက်ခြင်းကို ကျောက်တန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာမို့မို့ခိုင် ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများ၊ မိခင်နှင့်ကလေး ကျန်းမာရေးဌာန(MCH) မှဆရာမများ၊ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်လုံးဆိုင်ရာ ပရဟိတ အသင်းဝင်များမှ မြို့ပေါ်ရပ်ကွက်များသို့ အဖွဲ့ငယ်များခွဲ၍ သွေးလွန်တုတ်ကွေးရောဂါ ပညာပေးခြင်း၊ ဖုံး၊သွန်၊လဲ၊စစ် ဆောင်ရွက်ခြင်း | အဘိတ်ဆေးခပ်ခြင်း၊ Active An Search ဆောင်ရွက်ခြင်း၊ အသက်(၁၅)နှစ် အောက်ကလေးများအားလုံးတွင် ကာကွယ်ဆေးထိုးနှံမှု စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

နေလင်းကျော် (ပြန်/ဆက်)