ဝေါမြို့နယ်၌ သန့်ရှင်းသာယာလှပစေရေးအတွက် ပန်းပင်များစိုက်ပျိုးပွဲ ကျင်းပ

ဝေါ မေ ၂၀

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ဝေါမြို့နယ်တွင် သန့်ရှင်းသာယာလှပစေရေးအတွက် ပန်းပင်များ စိုက်ပျိုးပွဲကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်၍ ယနေ့နံနက်()နာရီက မြို့အဝင်ထိပ် ရန်ကုန်-မော်လမြိုင် ကားလမ်းမကြီး ဝဲယာတွင်  စိုက်ပျိုးခဲ့ကြောင်း သိရသည်။

အဆိုပါ ပန်းပင်များစိုက်ပျိုးပွဲကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးဝင်းလှိုင်နှင့်ဝန်ထမ်များ၊  ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်တပ်ဖွဲ့များ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းမှအသင်းဝင်များနှင့် မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့မှ အဖွဲ့ဝင်များတို့က ပန်းပျိုးပင်(၅၀၀)ကို စုပေါင်း စိုက်ပျိုးခဲ့ကြောင်း သိရသည်။

အာကာ (ပြန်/ဆက်)