အမြို့မြို့အနယ်နယ်သတင်းများ

May 21,2026
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်တွင် ကျောင်းအပ်နှံရေးနေ့ မြေစိုက်ပိုစတာ စိုက်ထူပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီ ၃၀က အခြေခံပညာအထက်တန်းကျောင်းဝင်းရှေ့တွင် ‌ကျင်းပခဲ့သည်။
May 21,2026
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၌ ယနေ့နံနက် ၉ နာရီခွဲက ၁၁၅ လမ်း၊ ၆၀×၆၁ လမ်းကြား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး‌ရှေ့တွင်လည်းကောင်း၊ ၁၂၈လမ်း၊ ၆၂ လမ်းရှိ မြို့နယ်ပညာရေးမှူးရုံးရှေ့၌လည်းကောင်း၊ ၁၃၅ လမ်း၊ ၆၀Eလမ်း၊ (ဈ)ရပ်ကွက်ရှိ အမှတ် (၂၇)အခြေခံပညာကျောင်းရှေ့တွင်လည်းကောင်း ၂၀၂၆-၂၀၂၇ပညာသင်နှစ်တွင် နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေကလေးအရွယ် အားလုံးကျောင်းအပ်နှံကြပါစို့ ခေါင်းစဉ်ပါ ကျောင်းအပ်နှံရေးသီတင်းပတ်မြေစိုက်ပို စတာစိုက်ထူခဲ့သည်။
May 21,2026
ပျော်ဘွယ်မြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ သီတင်းပတ် အထိမ်းအမှတ် ဆိုင်းဘုတ်စိုက်ထူပွဲကို မေလ ၂၁ ရက် နံနက် ၈ နာရီက ရန်ကုန်-မန္တလေးကားလမ်းမဘေး၊ မြို့နယ်ပညာရေးမှူးရုံးအနီး၌ စိုက်ထူခဲ့ကြောင်း သိရသည်။
May 21,2026
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် YGW မိဘမဲ့ကလေးများစောင့်ရှောက်ရေးကျောင်း၌ စာဖတ်ရှိန်မြှင့်တင်‌ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို မေ ၁၉ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
May 21,2026
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် “ နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” ဆိုင်းဘုတ်စိုက်ထူခြင်း အခမ်းအနားကို ယနေ့နံနက် ၈ နာရီက အ.ထ.က(ကမမောင်း) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်းနှင့် အမှတ်(၃) အခြေခံပညာအလယ်တန်း ကျောင်းတို့၌ ကျင်းပပြုလုပ်ခဲ့သည်။
May 21,2026
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)က ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ရက်(၁၀၀)စီမံချက်အတွင်း ပြည်ထောင်စုနိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်းများဆောင်ရွက်မည့် ဒေသခံတောင်သူများအား ချေးငွေများပေးအပ်ပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
May 21,2026
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ပဲစင်းငုံ ၆၆၁၁ ဧက စိုက်ပျိုးမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
May 21,2026
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ သမဝါယမဦးစီးဌာနမှ ရှားချောင်းကျေးရွာအုပ်စုမှ စိုက်ပျိုးထုတ်လုပ်ရေးသမအသင်းများအား ရှားချောင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ယနေ့နံနက်ပိုင်းက ကွင်းဆင်းတွေ့ဆုံဆွေးနွေးခဲ့သည်။