တပ်ကုန်း မေ ၂၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် ဒယောက်ကူးကျေးရွာတွင် ရက်(၁၀၀) စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန်ထုတ်ပေးနိုင်ရေး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အဆင့်လုပ်ငန်းအဖွဲ့နှင့်ကျေးရွာအဆင့် လုပ်ငန်းအဖွဲ့များပူးပေါင်း၍ ကျေးရွာမြေငှားဂရန်ထုတ်ပေးနိုင်ရေး ကွင်းဆင်းညှိနှိုင်းခြင်းကို ယမန်နေ့ မွန်းလွဲ ၃နာရီက အဆိုပါကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံတွင် ကျင်းပခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇေယျက ကျေးရွာမြေငှားဂရန်ရရှိရေး ဆောင်ရွက်ပေးမည့်အခြေအနေနှင့် ရရှိလာမည့်အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် ကျေးရွာမြေငှားဂရန်ထုတ်ပေးနိုင်ရေးအတွက် တိုင်းတာခြင်းလုပ်ငန်းဆောင်ရွက်နေမှုများအားကြည့်ရှုကာ လိုအပ်သည်များဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တင်စိုးလွင်