သရက် မေ ၂၁
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ကျောင်းနေအရွယ်ကလေးများ အခြေခံပညာရေးကို လက်လှမ်းမှီသင်ယူနိုင်ခွင့်ရရှိရေးအတွက် မသင်မနေရအခမဲ့ပညာရေးစနစ်ကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကျောင်းအပ်နှံရေးနေ့ သီတင်းပတ်အထိမ်းအမှတ် ပိုစတာစိုက်ထူးခြင်းအခမ်းအနားကို ယနေ့နံနက်(၈)နာရီခွဲက မြို့နယ်ပညာရေးမှူးရုံးရှေ့၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် ကျောင်းအပ်နှံရေးနေ့ သီတင်းပတ်အထိမ်းအမှတ် ပိုစတာအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြတ်ထွန်းဦးနှင့်အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်ကြီးများနှင့်တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ကျောင်းအပ်နှံရေးနေ့သီတင်းပတ် ပိုစတာအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြတ်ထွန်းဦးနှင့်အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်ကြီးများနှင့်တာဝန်ရှိသူများက အမွှေးနံ့သာများပက်ဖျန်းပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)