Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) တွင် နွေရာသီ အခြေခံ ပန်းချီရေးဆွဲနည်း သင်တန်းဖွင့်ပွဲကျင်းပ
Mar 14,2023
နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသားလူငယ်များ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ အတတ် ပညာတစ်ခုခုကို ရရှိစေရန်နှင့် ဗလငါးတန်နှင့် ပြည့်စုံသော ကျောင်းသား လူငယ်များဖြစ်လာစေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် နွေရာသီ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းတုံမြို့နယ်၌ နွေရာသီ ကျောင်းပိတ်ရက်တိုကာလအတွင်း အင်္ဂလိပ်စာအခြေခံ သင်ကြားပေးလျက်ရှိ
Mar 14,2023
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ ဝမ်နားကျေးရွာအနီး ဦးအောင်ဇေယျ ဘုန်းကြီးကျောင်းဝန်းရှိ ဓမ္မရုံ၌ မန္တလေးစာသင်တိုက် ဆရာတော်ဉူးပညာဒီပကိုယ်တိုင် သင်ကြားပေးလျက်ရှိကြောင်း သိရသည် ။
အပြည့်အစုံ ဖတ်ရန်
သံမိုးတောင်-ပိန်းသီလာ လမ်းပိုင်းတွင် Box Culvert များ တည်ဆောက် ကတ္တရာခင်းခြင်းလုပ်ငန်းများ ပြီးစီးပြီဖြစ်၍ ခရီးသွားလာမှု ပိုမိုအဆင်ပြေ
Mar 14,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ လမ်းဦးစီးဌာနသည် လမ်းများ ကာလကြာရှည်စွာ အသုံးပြုနိုင်ရန် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ၊ အသစ်တည်ဆောက်ပေးခြင်း လုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ သံမိုးတောင်-ပိန်းသီလာ လမ်းပိုင်းရှိ လိုအပ်သောနေရာများတွင် Box Culvert များအသစ် (၇) ခု တည်ဆောက်ကတ္တရာခင်းပေးခြင်း လုပ်ငန်းများမှာ ယခုအခါ ဆောင်ရွက်ပြီးစီး ပြီဖြစ်၍ ဒေသခံပြည်သူများ၊ မော်တော်ယာဉ်များ သွားလာသယ်ယူပို့ဆောင်မှု ယခင်ကထက် ပိုမိုအဆင်ပြေသွားပြီဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြေပုံမြို့၌ ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်) နယ်လှည့်ဆေးကုဆေးအဖွဲ့ ရောက်ရှိမည့်နေ့ရက်၊ နေရာ၊ ဆေးကုသမည့်အချိန်တို့ကို ပြည်သူ့များသိရှိနိုင်ရန် လှည့်လည်ကြော်ငြာ…
Mar 14,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့သို့ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) နယ်လှည့်ဆေးကုအဖွဲ့ ရောက်ရှိမည့် နေ့ရက်၊ နေရာ၊ အချိန်တို့ကို ပြည်သူများသိရှိနိုင်ရန်အသိပေး လှည့်လည်ကြော်ငြာခြင်းကို ယမန်နေ့ညနေ(၄)နာရီအချိန်က စတင်၍ မြို့ပေါ်ရပ်ကွက်များနှင့် အနီးပတ်ဝန်းကျင်ကျေးရွာ(၇)ရွာသို့ သွားရောက်လှည့်လည်ဆော်ဩသည်။
အပြည့်အစုံ ဖတ်ရန်
ပြည်ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောသရုပ်ပြ
Mar 14,2023
ပြည်မြို့နယ်အတွင်း မီးလောင်မှုမဖြစ်ပေါ်စေရေးနှင့် မီးလောင်မှုကြောင့် ဒေသတွင်း ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ထိခိုက်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေးတို့အတွက် မြို့နယ်မီးသတ်ဦးစီးဌာနတာဝန်ရှိသူများအဖွဲ့က မီးဘေး ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက ပြည်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတက်ရေးဦးစီးဌာနရုံး၌ မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောသရုပ်ပြပွဲ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘားအံခရိုင် (Community Centre) ခန်းမတွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် (အကြို) အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်
Mar 14,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကရင်ပြည်နယ်၊ ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ၂၀၂၃ ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဆွေးနွေးပွဲ(Talk Show) ကို ယမန်နေ့ မွန်းလွဲ (၃) နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပခုက္ကူခရိုင်အတွင်း ကမ်းပါးပြိုကျမှုအန္တရာယ်နှင့် ကြုံတွေ့နေရသည့် ကျေးရွာများအနေဖြင့် ကမ်းထိန်းနှင့်ရေလမ်းကြောင်း ပြုလုပ်ပေးရေး လိုလားလျက်ရှိကြ
Mar 14,2023
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ကျွန်းပုလုကျေးရွာအုပ်စုအတွင်းရှိ ကျွန်းပုလုကျေးရွာ၊ ခြောက်ဦးသားကျေးရွာနှင့် ရေစကြိုမြို့နယ်၊ အောင်သာကျေးရွာ၊ ငါးလန်ကျေးရွာများအတွင်းရှိ ရေလယ်ကျွန်းကျေးရွာများသည် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကျေးရွာများပျက်ဆီးနိုင်သဖြင့် ကမ်းထိန်းလုပ်ငန်းနှင့် ရေလမ်းကြောင်းပြောင်းလဲဖောက်လုပ်ပေးရေး လုပ်ငန်းများ ဆောင်ရွက်ပေးရေးတို့အတွက် လိုလားလျက်ရှိကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြစ်သားမြို့နယ်၌ နွေစပါးနှင့် အခြားသီးနှံများ စိုက်ပျိုးနိုင်ရေးအတွက် ဆည် ၊ ကန် ၊ တမံများမှ ရေများ ဖြန့်ဝေပေး
Mar 14,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် နွေစပါးနှင့် အခြားသီးနှံများ စိုက်ပျိုးနိုင်ရေးအတွက် ဆည်၊ ကန်၊ တမံများမှ စိုက်ပျိုးရေများ ဖြန့်ဝေပေးလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
11967
Page
11968
Page
11969
Page
11970
Current page
11971
Page
11972
Page
11973
Page
11974
Page
11975
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department