မိုင်းတုံ မတ် ၁၄
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ ဝမ်နားကျေးရွာအနီး ဦးအောင်ဇေယျ ဘုန်းကြီးကျောင်းဝန်းရှိ ဓမ္မရုံ၌ မန္တလေးစာသင်တိုက် ဆရာတော်ဉူးပညာဒီပကိုယ်တိုင် သင်ကြားပေးလျက်ရှိကြောင်း သိရသည် ။
အဆိုပါသင်ကြားပေးမှုကို (Grade-8) (Grade-9) (Grade-10) အဆင့် တက်ရောက်မည့် လူငယ်များအား နွေရာသီကျောင်းပိတ်ရက်တွင် စိတ်လေလွင့်မှု မရှိစေရန်နှင့် အင်္ဂလိပ်စာကို ကြိုတင်လေ့လာ မှတ်သားတတ်စေရန် ရည်ရွယ်၍ မန္တလေးစာသင်တိုက် ဆရာတော် ဉူးပညာဒီပနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးလွင်မိုးတို့ပူးပေါင်း၍ စီစဉ်ဆောင်ရွက် ခဲ့ခြင်းဖြစ်သည်။
ယင်း အင်္ဂလိပ်အခြေခံသင်ကြားပေးမှုကို (၉-၃-၂၀၂၃) ရက်နေ့မှ (၉-၄-၂၀၂၃) ရက်နေ့အထိ တစ်လတိတိ နံနက် (၉း၀၀) နာရီမှ (၁၀း၃၀) နာရီအထိ တစ်ရက်လျှင် တစ်နာရီခွဲ သင်ကြားပေးသွားမည်ဖြစ်ကြောင်း ဆရာတော်ဉူးပညာဒီပထံမှ သိရှိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)