Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကော့မှူး၌ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေး
Mar 16,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းသည် နွေရာသီကျောင်းပိတ်ရက်များအတွင်း လူငယ်လူရွယ်များနှင့် ဒေသခံပြည်သူများ စာပေလေ့လာ ဖတ်ရှုလေ့လာနိုင်ရန်၊ စာပေနှင့်အဆက်မပြတ်ထိတွေ့မှုရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းကဘုရားလမ်းရပ်ကွက်၌ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေးနေကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ခရမ်းမြို့နယ်တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၏ ခွင့်ပြုချက်မပါရှိသည့်ဆေးဝါးများရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Mar 16,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်အတွင်း အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၏ ခွင့်ပြုချက်မပါရှိသည့် ဆေးဝါးများရောင်းချခြင်းရှိ/မရှိနှင့် သက်တမ်းလွန်နှင့်ခွင့်ပြုမဲ့စားသောက်ကုန်များ ရောင်းချမှုမရှိစေရန်စစ်ဆေးခြင်းကို ယနေ့နံနက်(၉)နာရီက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကရသူရိမြို့၌ ဌာနဆိုင်ရာဝန်ထမ်းများအား (၅) ကြိမ်မြောက် Myancopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Mar 16,2023
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ ကျေးလက်ကျန်းမာရေးဌာနခွဲရုံး၌ ဌာနဆိုင်ရာဝန်ထမ်းများအား (၅)ကြိမ်မြောက် Myancopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကော့သောင်းမြို့တွင် သမဝါယမ အသင်းများမှ ပြည်ပပို့ကုန်များအား လျာထားချက်ပြည့်မီ ကျော်လွန်အောင် တင်ပို့ရောင်းချလျက်ရှိ
Mar 16,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်အတွင်း မြို့နယ်သမဝါယမ ဦးစီးဌာနမှ ပြည်ပပို့ကုန်လုပ်ငန်းအား ကြီးကြပ်ဆောင်ရွက်လျက်ရှိရာ ဌာနကြီးကြပ်မှုဖြင့် ပြည်ပပို့ကုန်လုပ်ငန်း ကို၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် သိမ်းထိုက်ဇော် ရေထွက်ပစ္စည်းနှင့် အထွေထွေရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက်၊ အောင်ကျော်ဇေ ရေထွက်ပစ္စည်းနှင့် အထွေထွေစီးပွားရေး သမဝါယမအသင်းလီမိတက်နှင့် အောင်ကျော်မင်း ရေထွက်ပစ္စည်းနှင့် အထွေထွေရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက် အသင်း(၃)သင်းတို့မှ တင်ပို့ လုပ်ကိုင်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
နတ်တလင်းမြို့နယ်တွင် ဂျပန်ဦးနှောက်ရောင်ရောဂါအကြောင်း အသိပညာပေး Talk Show ကျင်းပ
Mar 16,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးဒေါ်လဲ့ဝါမြင့်နှင့်ဒုတိယဦးစီးမှူး ဒေါ်ထားထားဦးတို့မှ ယမန်နေ့နေ့လယ်(၁)နာရီအချိန်က ဂျပန်ဦးနှောက်ရောင်ရောဂါ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကွမ်းခြံကုန်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ
Mar 16,2023
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre)ခန်းမ၌ (Book Club)အသင်းနှင့် Women Club တို့ ယမန်နေ့က စာရေးဆရာချစ်စံဝင်း ရေးသားသည့် “အချိန်ကိုမိတ်ဆွေဖွဲ့ပါရန်သူမလုပ်ပါနှင့်” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကွမ်းခြံကုန်းမြို့နယ်တွင် နွေရာသီအားကစားသင်တန်းများဖွင့်လှစ်
Mar 16,2023
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် နွေရာသီအားကစားအခြေခံသင်တန်းများကို မတ်လ ၁၀ ရက်နေ့မှစ၍ သတ်မှတ်နေရာအသီးသီးတွင် စတင်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ထန်းတပင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် အခြေခံပန်းချီရေးဆွဲနည်း(အခမဲ့) သင်တန်းဆင်းပွဲကျင်းပ
Mar 16,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်လူထုအခြေပြုဗဟိုဌာနတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာရေးဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့တို့ ပူးပေါင်းပြီး ယနေ့နံနက် ၁၀ နာရီအချိန်က အခြေခံပန်းချီရေးဆွဲနည်း(အခမဲ့)သင်တန်း ဆင်းပွဲကိုကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
11971
Page
11972
Page
11973
Page
11974
Current page
11975
Page
11976
Page
11977
Page
11978
Page
11979
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department