အမြို့မြို့အနယ်နယ်သတင်းများ

Mar 16,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်းရှိ ကျေးရွာများတွင် ဆင်းရဲနွမ်းပါးပြီး သဘာဝဘေး ကျရောက်လာပါက ကြံ့ခိုင်မှုမရှိသော နေအိမ်အလုံး (၂၀၀)အား အိုးအိမ်းဖြည့်တင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ကေသွယ်ဝင်း ဦးဆောင်ပြီး မတ်လ ၁၄ ရက်နေ့မှ စတင်ကာ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ သနပ္ပင်စုကျေးရွာ၊ ကျောင်းကုန်းကြီးကျေးရွာများ၊ စလင်းမြို့နယ်အတွင်းရှိ သစ်ခွင်ကျေးရွာနှင့် လေးရွာကျေးရွာများရှိ တစ်ရွာလျှင် အိမ် (၅၀)နှင့် စုစုပေါင်း နေအိမ်အလုံး (၂၀၀)တို့အား မိုးကြိုကာလ လေဘေးကြိုတင်ကာကွယ်ရေးအတွက် အိုးအိမ်ဖြည့်တင်း ပြင်ဆင်ခြင်းလုပ်ငန်းများကို ပြုလုပ်ပေးလျက် ရှိသည်။
Mar 16,2023
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် ယမန်နေ့ နံနက်(၉)နာရီခွဲက
Mar 16,2023
ပုဗ္ဗသီရိမြို့နယ်အတွင်း ပန်းခင်းအဆင့်(၂) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ယမန်နေ့မွန်းလွဲပိုင်းက ထုတ်ပေးလျက်ရှိသည်။
Mar 16,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ယမန်နေ့က အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၃)ရပ်ကွက်၌ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Mar 16,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်သည် လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဥယျာဉ်ခြံစိုက်ပျိုးခြင်းကို လုပ်ကိုင်ကြသည်။ မြို့နယ်အတွင်းရှိ တောင်သူအချို့သည် ဂန္ဓမာပန်းစိုက်ပျိုးခြင်းကို တစ်ပိုင်တစ်နိုင် အဆင့်မှ စီးပွားဖြစ် စိုက်ပျိုးကြသည်။
Mar 16,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပထဝီဝင်ဘာသာရပ်ကို ယနေ့နံနက် (၉)နာရီက စတင်ဖြေဆိုလျက်ရှိရာ သီပေါမြို့နယ်အတွင်းရှိ သတ်မှတ် စာစစ်ဌာနများတွင်  ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Mar 16,2023
နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီ ၁/၂၀၂၃ အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ (၂) နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။