အမြို့မြို့အနယ်နယ်သတင်းများ

Mar 16,2023
၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့ ဓာတုဗေဒဘာသာရပ်ကို ယနေ့နံနက် ၉ နာရီတွင် ဆက်လက်ဖြေဆိုရာ ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်အတွင်းရှိ စာစစ်ဌာန ၇ ခုမှ ကျောင်းသား၊ ကျောင်းသူ ၁၆၉ ဦး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Mar 16,2023
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ငလျင်ဘေးအန္တရာယ် ဖြစ်ပွားလာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပညာပေးဟောပြောခြင်း ဇတ်တိုက်လေ့ကျင့်ခြင်း အား မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့ဝင်များ တာဝန်ရှိသူများပူးပေါင်းကာ ယမန်နေ့နံနက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စု​ပေါင်းရုံးခန်းမ၌ ပြုလုပ်ခဲ့ကြသည်။
Mar 16,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ကင်းသာကျေးရွာအုပ်စု၊ ကင်းသာကျေးရွာ၊ ရွှေဟင်္သာဘုန်းတော်ကြီးကျောင်းတွင်  ဒုတိယအကြိမ်မြောက် နွေရာသီ ကျောင်းပိတ်ရက် ယဉ်ကျေးလိမ္မာသင်တန်းကို ကျောင်းထိုင်ဆရာတော် ဦးစန္ဒာသီရိ ခွင့်ပြုပြီး၊ ကင်းသာကျေးရွာအုပ်စု၊ အုပ်စုအုပ်ချုပ်ရေးမှူး ဦးဇော်ဝမ်း၊ ကျေးရွာအုပ်စု ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးပိုတို့က ကြီးကြပ်မှုဖြင့်  မတ်လ ပထမပတ်က အဆိုပါကျောင်းတိုက်ရှိ ဓမ္မာရုံတွင် ဖွင့်လှစ်သင်ကြားသည်။
Mar 16,2023
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင် ပြည်လည်နေရာချထားရေးဝန်ကြီးဌာန၊  ပြည်လည်ထူထောင်ရေးဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း (ကျိုင်းတုံ)မှ ဖွင့်လှစ်သည့် မူးယစ်ဆေးဖြတ်ပြီးသူများ ရပ်ရွာအခြေပြုပြန်လည်ထူထောင်ရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၃) သင်တန်းဆင်းပွဲကို မတ် ၁၆ ရက်က ပန်ကွဲတောင်ကျေးရွာတွင် ကျင်းပသည်။
Mar 16,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက မိုင်းစိတ်ကျေးရွာအုပ်စု၊ မိုင်းစိတ်ကျေးရွာရှိ အမှတ်(၃၅၉)အမြှောက် တပ်ရင်းအတွင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 16,2023
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် မြို့နယ်အတွင်းရှိ မျက်စိရောဂါဝေဒနာရှင်ပြည်သူများအား ရန်ကုန်မျက်စိရောဂါ အထူးကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးနှင့် မျက်စိအထူးကုဆရာဝန်ကြီးများ၊ မျက်စိကျွမ်းကျင်ပညာရှင်များအဖွဲ့တို့က မတ်လ ၁၅ ရက်နေ့နှင့် ၁၆ ရက်နေ့နံနက် ၉ နာရီမှစ၍ အခမဲ့ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။
Mar 16,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ခရိုင်၊ ကျောက်တော်မြို့၌ ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံလူငယ်များအား နွေရာသီ ကျောင်းပိတ်ရက် ကာလများတွင် အချိန်ကိုအကျိုးရှိစွာ အသုံးပြုတတ်စေရန်နှင့် ထူးချွန်ထက်မြက်ပြီး နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများ ဖြစ်လာစေရန် ရည်ရွယ်၍ နွေရာသီ ကရာတေးဒို အားကစားသင်တန်းကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှ စတင်ကာ မြို့နယ်အားကစားကွင်း မိုးလုံလေလုံအားကစားခန်းမအတွင်း၌ ဖွင့်လှစ်ပြသရှိကြောင်း သိရသည်။