အမြို့မြို့အနယ်နယ်သတင်းများ

May 21,2026
ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၊ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် (၉)နာရီအချိန်ကစတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
May 21,2026
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်တွင် ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်၊ “နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေးရက်သတ္တပတ် မြေစိုက်ပိုစတာ ဆိုင်းဘုတ်စိုက်ထူခြင်းကို ယနေ့နံနက် ၈ နာရီခွဲက မြို့နယ်ပညာရေးမှူးရုံးရှေ့၌ စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
May 21,2026
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် မေလ ၂၅ ရက်နေ့ မှ ၃၁ ရက်နေ့ အထိ ကျောင်းအပ်နှံလက်ခံမည်ဖြစ်ရာ မြို့နယ်အတွင်းရှိ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် မေလ ‌၂၁ ရက်နေ့ နံနက် ၁၀ နာရီက ကျောင်းအပ်နှံရေးဆိုင်ရာ မြေစိုက်ပိုစတာများ စိုက်ထူခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 21,2026
“နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့ ” ဟူသည့် ဆောင်ပုဒ် နှင့်အညီ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် တနင်္သာရီတိုင်းဒေသကြီး ကျောင်းအပ်နှံရေးသီတင်းပတ်  မြေစိုက်ပိုစတာဆိုင်းဘုတ်ကို ယနေ့ နံနက်ပိုင်းက ထားဝယ်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှေ့တွင် ဘင်ခရာအဖွဲ့နှင့်ပန်းပွား အကများဖြင့် ဖွင့်လှစ်သည်။
May 21,2026
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၅ - ၂၀၂၆ ခုနှစ်၊ နွေစပါးစံကွက်ရိတ်သိမ်းခြင်းကို မေ ၁၉ ရက်နေ့ နံနက်ပိုင်းက ဗျက်ကြီးကျေးရွာအုပ်စုအတွင်း တောင်သူ ဦးမျိုးအောင်၏ နွေစပါးဗီယက်နမ်မျိုးစပါးစိုက်ခင်းတွင် ဆောင်ရွက်ခဲ့ကြသည်။
May 21,2026
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ အငြိမ်းစားဝန်ထမ်းများ၏ မေလအတွက်   ပင်စင်လစာငွေများကို  မြန်မာ့စီးပွားရေးဘဏ်တွင် ယနေ့နံနက်(၆)နာရီမှ စတင်၍  ထုတ်ပေးလျက်ရှိရာ ရပ်ကွက်ကျေးရွာများမှ ပင်စင်စားများအား ပင်စင်လစာငွေများကို ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
May 21,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ပျားမွေး‌မြူမှုဖွံ့ဖြိုးရေးတာဝန်ခံရုံးအနေဖြင့် ရက်(၁၀၀)စီမံချက်အတွင်း ပြည်သူတိုးချဲ့ပညာပေးသင်တန်းကို ယမန်နေ့ နံနက်ပိုင်းက မြို့ဦးရပ်ကွက်၌ဖွင့်လှစ်ခဲ့ရာ မြို့နယ်တာဝန်ခံ ဦးလွင်အေးက ပျားမွေးမြူရေးအကြောင်းသိကောင်းစရာများနှင့် ပျားမွေးမြူခြင်းဖြင့်ရရှိနိုင်မည့်အကျိုးကျေးဇူးများ၊ ပျားတို့၏ဝတ်မှုံကူးခြင်းဖြင့် စိုက်ပျိုးသီးနှံများအောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းတိုးတက်စေခြင်းတို့ကို အသိပညာပေးရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
May 21,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ ပါဝင်သည့် ပူးပေါင်းအဖွဲ့တို့သည် မီးဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ယမန်နေ့နံနက် ၁၀ နာရီက မြို့လယ်ရပ်ကွက်အတွင်းရှိ နေအိမ်များနှင့် ဈေးဆိုင်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။