ရပ်စောက်မြို့နယ်၌ ရက်(၁၀၀) စီမံချက်ဖြင့် ပျားမွေးမြူရေးသင်တန်းဖွင့်လှစ်

ရပ်စောက် မေ ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ပျားမွေး‌မြူမှုဖွံ့ဖြိုးရေးတာဝန်ခံရုံးအနေဖြင့် ရက်(၁၀၀)စီမံချက်အတွင်း ပြည်သူတိုးချဲ့ပညာပေးသင်တန်းကို ယမန်နေ့ နံနက်ပိုင်းက မြို့ဦးရပ်ကွက်၌ဖွင့်လှစ်ခဲ့ရာ မြို့နယ်တာဝန်ခံ ဦးလွင်အေးက ပျားမွေးမြူရေးအကြောင်းသိကောင်းစရာများနှင့် ပျားမွေးမြူခြင်းဖြင့်ရရှိနိုင်မည့်အကျိုးကျေးဇူးများ၊ ပျားတို့၏ဝတ်မှုံကူးခြင်းဖြင့် စိုက်ပျိုးသီးနှံများအောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းတိုးတက်စေခြင်းတို့ကို အသိပညာပေးရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ တိုးချဲ့ပညာပေးသင်တန်းကို သင်တန်းသူ၊ သင်တန်းသား(၂၀) ဦးဖြင့် မေလ (၂၁) ရက်နေ့မှ (၂၅) ရက်နေ့အထိစာတွေ့၊ လက်တွေ့သင်ကြားပို့ချသွားမည် ဖြစ်ကြောင်းသိရှိရသည်။

မြို့နယ်ပြန်/ဆက်