သီပေါမြို့နယ်တွင် မီးဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်

သီပေါ မေ ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ ပါဝင်သည့် ပူးပေါင်းအဖွဲ့တို့သည် မီးဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ယမန်နေ့နံနက် ၁၀ နာရီက မြို့လယ်ရပ်ကွက်အတွင်းရှိ နေအိမ်များနှင့် ဈေးဆိုင်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကြည်ထွန်းက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးအန္တရာယ်ကင်းရှင်းရေးတို့အတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ရှောင်ကျဉ်ရမည့်အချက်များ၊ မီးဘေးအန္တရာယ် ပေါ်ပေါက်လာပါက အရေးပေါ်ဆောင်ရွက်ရမည့်အကြောင်းအရာများ စသည်တို့ကို အသိပညာပေး ဆွေးနွေးပြောကြားခဲ့ပြီး အရေးပေါ်မီးငြှိမ်းသတ်ရေးပစ္စည်းများဖြစ်သည့် ရေပုံး၊ သဲပုံး၊ မီးချိတ်၊ မီးကတ်၊ လှေကား၊ မီးသတ်ဆေးဘူးများ ထားရှိမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် ထမင်း၊ ဟင်း စသည်များ ချက်ပြုတ်ရာတွင် မီးအသုံးပြုမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)