အမြို့မြို့အနယ်နယ်သတင်းများ

May 21,2026
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ “နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” ကျောင်းအပ်နှံရေး သီတင်းပတ်ဆိုင်းဘုတ်စိုက်ထူခြင်းကို ယနေ့ နံနက်ပိုင်က မြို့တွင်း ရန်ကုန်-မန္တလေးကားလမ်းနှင့်ပိတောက်လမ်းဆုံတွင် စိုက်ထူတင်ခဲ့သည်။
May 21,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းမင်းဦးနှင့်အဖွဲ့သည် မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးသုံးပစ္စည်းနှင့် မျိုးစေ့၊ မြေဩဇာ၊ ပိုးသတ်ဆေးစသည့် စိုက်ပျိုးရေးသုံးပစ္စည်းဆိုင်ရာ အရောင်းဆိုင်များသို့ ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
May 21,2026
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ ပိုစတာကို ယနေ့ နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ရှေ့နှင့် အခြေခံပညာကျောင်းများ အသီးသီးတွင် စိုက်ထူခဲ့ကြကြောင်း သိရသည်။
May 21,2026
ပဲခူးတိုင်းဒေသကြီး၊နတ်တလင်းခရိုင်၊ပေါင်းတည်မြို့နယ်၌ ယနေ့နံနက်ပိုင်းက မန်ကျီးပင်ကျေးရွာအုပ်စု၊ ကွင်းအမှတ် ၁၁၂၆(C)ရှိ တောင်သူ‌ဦးအေးထွန်း၏ စပါးစိုက်ပျိုးမြေ၌ သဘာဝသစ်စိမ်းမြေဩဇာကြဲပက်ခြင်း၊ ပေးအပ်ခြင်းနှင့် စိုက်ပျိုးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
May 21,2026
ပွင့်လင်းရာသီတွင် မီးဘေးအန္တရာယ်များ အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရန်နှင့် မီးဘေးလုံခြုံစိတ်ချရမှု ရှိ/မရှိအား ဌာနဆိုင်ရာရုံးများ လိုက်လံကွင်းဆင်းစစ်ဆေးခြင်းကို မေ ၁၉ ရက်နေ့ နံနက် ၁၀ နာရီက အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 21,2026
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများအား လစဉ်ပုံမှန်ထုတ်ပေးလျက်ရှိရာ ယနေ့နံနက် ၈ နာရီမှ စတင်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့၏ ကြီးကြပ်မှုဖြင့် နိုင်ငံ့ဝန်ထမ်းပင်စင်စား (အငြိမ်းစား) များအား ပင်စင်လစာငွေများ ထုတ်ပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိကြောင်း သိရသည်။
May 21,2026
‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ခြင်းနှင့် ပညာပေးခြင်းများကို ယနေ့နံနက်ပိုင်းက မဟာနွယ်စဉ်ရပ်ကွက်၌ ဆက်လက်ကွင်းဆင်းဆောင်ပေးလျက်ရှိကြောင်း သိရသည်။
May 21,2026
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန Community Center တွင်မေလ ၂၀ ရက်နေ့က Grade-4 နှင့် Grade-5 ကျောင်းသား၊ကျောင်းသူများ ပုံပြင်ပြောပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။