အမြို့မြို့အနယ်နယ်သတင်းများ

Oct 21,2025
မကွေးတိုင်းဒေသကြီး  သရက်ခရိုင်  မင်းလှမြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ဦးဆောင်ပြီး ကျေးလက်ဒေသအမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးစီမံချက်လုပ်ငန်းများအဖြစ် ယမန်နေ့ နံနက်က မင်းလှမြို့နယ် ကိုင်းစံပြ ကျေးရွာအတွင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Oct 21,2025
မူဆယ်မြို့အတွင်း နေထိုင်ကြသော ဒေသခံပြည်သူများနှင့် ကျောင်းသားလူငယ်များအား ကျန်းမာရေး အသိ၊ သတိရှိစေရန်နှင့် မိမိကိုယ်တိုင်ကျန်းမာမှအများနှင့်အတူ ဆောင်ရွက်နိုင်သည့်အရာများကို ဆောင်ရွက်နိုင်သည်ကို သိရှိစေရန်ရည်ရွယ်၍ ကျန်းမာရေးအသိပညာပေး ဟောပြောပွဲကို အောက်တိုဘာ  ၂၁ နံနက် (၉)နာရီအချိန်က မူဆယ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Oct 21,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် ပင်စင်လာရောက်ထုတ်ယူသူ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ယနေ့နံနက်က ကန့်ဘလူမြို့နယ်စီးပွားရေးဘဏ်ရုံး၌ကျင်းပရာ ကန့်ဘလူခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဦး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ခိုင်ဦးတို့က လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
Oct 21,2025
၂၀၂၅ခုနှစ် ဒီဇင်ဘာ၂၈ရက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုသွားမည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)နှင့်ဆက်စပ်ပစ္စည်းများ ပြည့်စုံမှန်ကန်ပြီးကောင်းမွန်မှုရှိ/မရှိ သိရှိနိုင်စေရန်ရည်ရွယ်ချက်ဖြင့် လင်းခေးမြို့နယ်နည်းပညာ အထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ ခရိုင်နှင့်မြို့နယ်တာဝန်ရှိသူများသည် ယနေ့ နံနက်၉နာရီခွဲက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)နှင့် ဆက်စပ်ပစ္စည်းများအား ဖွင့်ဖောက်စစ်ဆေးခြင်းကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြသည်။
Oct 21,2025
၂၀၂၅ခုနှစ်ဒီဇင်ဘာလတွင်စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဥ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို အောက်တိုဘာ ၁၉ ရက်ညနေပိုင်းကစတင်ပြီး နောင်ချိုမြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးတွင် ကြေညာထားရှိသည်။
Oct 21,2025
ကယားပြည်နယ် လွိုင်ကော်မြို့ အခြေခံပညာကျောင်းများ၌ ဆုံဆို့မေးခိုင်ရောဂါ ကာကွယ်ဆေးနှင့် သားအိမ်ခေါင်းရောဂါကာကွယ်ဆေးထိုးနှံခြင်း ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်က ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် တာဝန်ရှိသူများ နှင့်အတူ လွိုင်ကော်မြို့ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၌ KG တန်းတွင် တက်ရောက်နေသည့် ကျောင်းသားကျောင်းသူကလေးငယ်များအား ဆုံဆို့မေးခိုင်ကာကွယ်ဆေးနှင့် အသက် ၉ နှစ်မှ ၁၀ နှစ်ကြား ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး ထိုးနှံနေမှုကိုသွားရောက်ကြည့်ရှုအားပေးသည်။
Oct 21,2025
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်၌  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာပေချစ်သူများအဖွဲ့(Book Club) နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းစီစဉ်သော တတိယအကြိမ်မြောက် စာစီစာကုံးဆုချီးမြှင့်ပွဲအခမ်းအနားကို အောက်တိုဘာ  ၂၁ ရက်နေ့ နေ့လယ်(၁)နာရီက လှိုင်မြို့နယ်ပညာရေးမှူးရုံး၊ လှိုင်ပညာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။