ကျွန်းစုမြို့တွင် ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးဆိုင်ရာ မြေစိုက်ပိုစတာများ စိုက်ထူခြင်းဆောင်ရွက်

ကျွန်းစု မေ ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ၂၀၂ - ၂၀၂ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် မေလ ၂ ရက်နေ့ မှ ၁ ရက်နေ့ အထိ ကျောင်းအပ်နှံလက်ခံမည်ဖြစ်ရာ မြို့နယ်အတွင်းရှိ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် မေလ ‌၂၁ ရက်နေ့ နံနက် ၁၀ နာရီက ကျောင်းအပ်နှံရေးဆိုင်ရာ မြေစိုက်ပိုစတာများ စိုက်ထူခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စန်းဝင်း၊ မြို့နယ်ပညာရေးမှူး ဒေါ်နုနုလွင်၊ ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး အောင်လင်းဦး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပညာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများက “နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့“ ကျောင်းအပ်နှံရေးဆိုင်ရာ မြေစိုက်ပိုစတာ (ဗီနိုင်း) များအား မြို့မဈေးအရှေ့၊ အ.ထ.က ကျွန်းစု ကျောင်းအရှေ့နှင့် မြို့နယ်ပညာရေးမှူး ရုံးအရှေ့တို့၌ စိုက်ထူခဲ့ကြပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။

ထက်မြင့် (ကျွန်းစု)