အမြို့မြို့အနယ်နယ်သတင်းများ

Oct 21,2025
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်၌ ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှေုာက်မှုများအခမဲ့ ဆောင်ရွက်ပေးသည်။
Oct 21,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ ယနေ့နံနက်(၁၀) နာရီက အငြိမ်းစားဝန်ထမ်းများအတွက် ရွှေတိုးဆီအရောင်းဆိုင်က စားအုန်းဆီများ ချိုသာသောဈေးနှုန်းဖြင့် ရောင်းချပေးနေမှုအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်တို့မှ တာဝန်ခံအရာရှိနှင့်ဝန်ထမ်းများက ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြသည်။
Oct 21,2025
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို အောက်တိုဘာ ၂၁ ရက်နေ့ နေ့လယ် (၁၂) နာရီက မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Oct 21,2025
၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ပြီး အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ဆင်သေကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၊ ယမုံနာခန်းမတွင် ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 21,2025
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၌ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်စီစဉ်မှုဖြင့် ဝမ်းတော်ပြည့်ကျောင်းတိုက်အတွင်း သီတင်းသုံးတော်မူသည့် နှစ်ကျိပ်ရှစ်ဆူဘုရား မြို့တွင်း ဒေသစာရီလှည့်လည်ပူဇော်ခံပွဲကို ယမန်နေ့ကကျင်းပခဲ့ကြောင်း သိရသည်။
Oct 21,2025
စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့နယ်တွင် ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာအသိပညာပေးခြင်းနှင့် စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Oct 21,2025
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ညောင်ဦး)၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပန်းချီ၊ ကဗျာ၊ ကာတွန်းပြိုင်ပွဲကို အောက်တိုဘာ ၂၁ ရက် နံနက် ၉ နာရီက ကျင်းပသည်။
Oct 21,2025
စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ လမ်းညွှန်မှုဖြင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းညွှန်ကြားမှုဦးစီးဌာနမှဖွင့်လှစ်သည့်ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်း(၂)မျိုးဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကလေးမြို့သိမ့်ဟိုတယ်ခန်းမတွင် ကျင်းပသည်။