ပေါင်းတည် မေ ၂၁
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၅ - ၂၀၂၆ ခုနှစ်၊ နွေစပါးစံကွက်ရိတ်သိမ်းခြင်းကို မေ ၁၉ ရက်နေ့ နံနက်ပိုင်းက ဗျက်ကြီးကျေးရွာအုပ်စုအတွင်း တောင်သူ ဦးမျိုးအောင်၏ နွေစပါးဗီယက်နမ်မျိုးစပါးစိုက်ခင်းတွင် ဆောင်ရွက်ခဲ့ကြသည်။
ထိုစိုက်ခင်း၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်နှင့် အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးအောင်မျိုးမင်းနှင့်ဝန်ထမ်းများ၊ တောင်သူများပူးပေါင်း၍ ထိုနွေစပါးစံကွက်ရိတ်သိမ်းခြင်းကို ဆောင်ရွက်ခဲ့ကြရာ တစ်ဧကလျှင် အစိုတင်း ၁၄၈ ဒဿမ ၉၁ တင်းထွက်ရှိခဲ့ကြောင်း သိရသည်။
ထိုမျိုးစပါးများကို မိုးစပါးစိုက်ပျိုးရာသီတွင် တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် တောင်သူများအား ဖြန့်ဖြူးစိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ရွှေသား (ပြန်/ဆက်)