တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့၌ ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာဆိုင်းဘုတ် ဖွင့်လှစ်

ထားဝယ်   မေ ၂၁

နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့ ဟူသည့် ဆောင်ပုဒ် နှင့်အညီ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် တနင်္သာရီတိုင်းဒေသကြီး ကျောင်းအပ်နှံရေးသီတင်းပတ်  မြေစိုက်ပိုစတာဆိုင်းဘုတ်ကို ယနေ့ နံနက်ပိုင်းက ထားဝယ်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှေ့တွင် ဘင်ခရာအဖွဲ့နှင့်ပန်းပွား အကများဖြင့် ဖွင့်လှစ်သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဇော်နိုင်ဦး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ရန်ကြီးအောင်၊ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးသက်နိုင်၊ တိုင်းဒေသကြီးပညာရေးညွှန်ကြားရေးမှူး ဦးဝင်းနောင်တို့က အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းဝင်းအတွင်း ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ပညာရေးဝန်ကြီးဌာန၏ ကျောင်းအပ်နှံရေးဆိုင်ရာမြေစိုက်ပိုစတာ ဆိုင်းဘုတ်အားဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဆိုင်းဘုတ်အား အမွှေးနံ့သာရည် ပက်ဖျန်းပေးသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က  ကျောင်းသား/ကျောင်းသူများအား ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ပညာရေးဝန်ကြီးဌာနမှ ထုတ်ဝေသည့် တို့ကလေးများ နောင်ရေးစိတ်အေးဖို့ စာသင်ကျောင်းမှာ အပ်ကြစို့နှိုးဆော်လွှာ အသိပညာပေးလက်ကမ်းစာစောင်ကို  ဖြန့်ဝေပေးပြီး ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

ကျောင်းအပ်နှံရေး သီတင်းပတ်မြေစိုက်ပိုစတာများ စိုက်ထူပေးထားခြင်းဖြင့် မိဘပြည်သူများအနေဖြင့် မိမိတို့၏ သား၊ သမီးများ ပညာတတ်မြောက်ရေး၊ အသက်အရွယ်နှင့်လိုက်ဖက်ညီစွာ ပညာသင်ကြားနိုင်ရန် ကျောင်းအပ်နှံရက်ကို အချိန်မီသိရှိစေပြီး မိမိတို့ရင်သွေး သား/သမီးပညာရေးအတွက် ကျောင်းအပ်နှံနိုင်မည်ဖြစ်သည်။

၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင်ကျောင်းအပ်နှံရက်အား ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေ(၂၅)ရက်မှ မေ (၃၁) ရက်အထိ သတ်မှတ်ထားကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်