ကံမမြို့နယ်၌ အငြိမ်းစားဝန်ထမ်းများ၏ မေလအတွက် ပင်စင်လစာငွေများအား ပုံမှန်ထုတ်ပေး

ကံမ မေ ၂၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ အငြိမ်းစားဝန်ထမ်းများ၏ မေလအတွက် ပင်စင်လစာငွေများကို  မြန်မာ့စီးပွားရေးဘဏ်တွင် ယနေ့နံနက်(၆)နာရီမှ စတင်၍  ထုတ်ပေးလျက်ရှိရာ ရပ်ကွက်ကျေးရွာများမှ ပင်စင်စားများအား ပင်စင်လစာငွေများကို ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ပင်စင်လစာများထုတ်ပေးရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကာယကံရှင်ကိုယ်တိုင် လာရောက်ထုတ်ယူနိုင်ခြင်းမရှိသူများအနေဖြင့်လည်း မိသားစုဝင်တစ်ဦးဦးက ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ယူနိုင်ကြောင်း ကံမမြို့နယ်တွင် မြို့ပြပင်စင် (၆၁၈)ဦး၊ ကာကွယ်ရေးပင်စင် (၁၇၇) ဦး၊ ရဲတပ်ဖွဲ့ပင်စင်(၄၆)ဦး၊ နိုင်ငံရေးပင်စင်(၆၅)ဦးနှင့် မြန်မာ့စီးပွားရေးဘဏ်ပင်စင်(၈)ဦး၊ စုစုပေါင်း ပင်စင်စားအငြိမ်းစားဝန်ထမ်း(၉၁၄)ဦး ရှိကြောင်း ကံမမြို့ မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။

ကျော်ဇေယျဝင်း(ကံမ)