ကျိုင်းတုံ မေ ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ် လွိုင်မွေကျေးရွာတွင် ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန်များ ထုတ်ပေးနိုင်ရေး ယမန်နေ့က တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောမင်းသူ၊ မြို့နယ်မြေစာရင်းဦးစီးဌာနနှင့် တာဝန်ရှိသူများက ကျိုင်းတုံမြို့နယ်၊ လွိုင်မွေကျေးရွာအုပ်စု၊ ဈေးတန်းရပ်တွင်နေထိုင်သည့် ဒေသခံပြည်သူများပိုင်ဆိုင်သည့် လူနေအိမ်မြေကွက်များကို ပထမ ရက်(၁၀၀)စီမံချက်ကာလအတွင်း ကျေးရွာမြေငှားဂရန်ထုတ်ပေးနိုင်ရေး ကျေးရွာနေဒေသခံပြည်သူများနှင့် တွေ့ဆုံကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)