မိုင်းရှူးမြို့၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစား မိဘပြည်သူများအား ပင်စင်လစာများထုတ်ပေး

မိုင်းရှူး မေ ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်မှ မိုင်းရှူးမြို့နယ်ရှိ ပင်စင်စားနိုင်ငံ့ဝန်ထမ်း အငြိမ်းစားမိဘပြည်သူများအား ယနေ့နံနက်(၈)နာရီမှစတင်၍ ပင်စင်လစာများ လစဉ်ပုံမှန်ထုတ်ပေးလျက်ရှိသည်။

မိုင်းရှူးမြို့နယ်တွင် မြို့ပြပင်စင်စား(၇၀)ဦး၊ ရဲတပ်ဖွဲ့(၂၁)ဦး၊ နိုင်ငံရေးပင်စင်စား(၂၀)ဦး၊ ကာကွယ်ရေးပင်စင်စား(၁၄၂)ဦး၊ ဘဏ်ပင်စင်စား(၃)ဦး စုစုပေါင်း ပင်စင်စား(၂၅၆)ဦးရှိပြီး (အငြိမ်းစား)ပင်စင်စားများအနေဖြင့် မိမိတို့အဆင်ပြေသည့်နေ့တွင် နိုင်ငံတော်အစိုးရက သတ်မှတ်ထားသော ရုံးပိတ်ရက်များမှအပ လစဉ် ၂၁ ရက်နေ့မှ နောက်လ ၂၀ရက်နေ့အထိ လာရောက်ထုတ်ယူနိုင်ကြောင်း သိရသည်။ 

 မိုင်းရှူး(ပြန်/ဆက်)