မူဆယ် မေ ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ တွေဆုံပွဲကို ယနေ့နံနက် ၁၀ နာရီက ခရိုင်/မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမတွင်ကျင်းပခဲ့ရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစန်းမင်းက အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇော်မိုးက မိမိတက်ရောက်ခဲသည့် ပြည်ထောင်စုလွှတ်တော်အတွေ့အကြုံများကို ရှင်းလင်းဆွေးနွေးခဲ့ကာ ဌာနဆိုင်ရာများမှလိုအပ်ချက်များကို တင်ပြကြရန်မှာကြားခဲ့ပြီး၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များက တစ်ဦးချင်း မိတ်ဆက်ခဲ့သည်။ ယင်းနောက် ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးနော်တောင်နှင့် ဦးMအောင်ဂျာတို့က ပြည်နယ်လွှတ်တော် အတွေ့အကြုံများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ တက်ရောက်လာသော ဌာနဆိုင်ရာဝန်ထမ်းများ၏တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းရန်လိုအပ်သည့်ကိစ္စရပ်များအား လွှတ်တော်ကိုယ်စားလှယ်များက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
ခရိုင်ပြန်/ဆက်