အမြို့မြို့အနယ်နယ်သတင်းများ

May 21,2026
ဘားအံမြို့နယ်အတွင်းရှိ မိုးစပါးထွန်ယက်စိုက်ပျိုးကြမည့် တောင်သူလယ်သမားများ မိုးစပါးထွန်ယက်နိုင်ရန်အတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့၏အစီအစဉ်ဖြင့် စိုက်ပျိုးတောင်သူများလက်ဝယ်အရောက် စက်သုံးဆီများကို ဖြန့်ဖြူးရောင်းချပေးလျက်ရှိရာ မေလ ၂၀ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့၊ အမှတ်(၈)ရပ်ကွက်ရှိ DENKO 2 ဆီဆိုင်တွင် စက်သုံးဆီများကို ဖြန့်ဖြူးရောင်းချပေးခဲ့သည်။
May 21,2026
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်ပျားမွေးမြူရေးဌာနခွဲ၊ မြို့နယ်တာဝန်ခံရုံးမှ ဦးစီး၍ အစိုးရသစ် ရက်(၁၀၀)အတွင်း ဆောင်ရွက်မှုအဖြစ် ပျားမွေးမြူရေး ပြည်သူအသိပညာပေးသင်တန်းနှင့် ပျားအိမ် အမျိုးအစားအလိုက် ကုန်ကျစရိတ်နှင့် အားနည်းချက်/အားသာချက်များ ချပြရှင်းလင်းခြင်းကို၊ မေ ၂၁ ရက်နေ့ နံနက် ၁၀ နာရီခွဲက လယ်ယားတောင်ကျေးရာအုပ်စုရှိ ရေထွက်ကျေးရွာ၊ ရွယ်လယ်ဓမ္မာရုံတွင် ပြုလုပ်ခဲ့သည်။
May 21,2026
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ကော့သောင်းမြို့တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးဆိုင်ရာ မြေစိုက်ပိုစတာများကို  လူစည်ကားရာနေရာများတွင် စိုက်ထူခြင်းကို ယနေ့နံနက်ပိုင်းက  ဆောင်ရွက်သည်။
May 21,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ခရိုင်ပညာရေးမှူးရုံး၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်လှုပ်ရှားမှုအဖြစ် အသိပညာပေးမြေစိုက်ပိုစတာစိုက်ထူခြင်းကို ယနေ့နံနက် ၉ နာရီက အဆိုပါရုံးရှေ့တွင် ဆောင်ရွက်ခဲ့သည်။
May 21,2026
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်အတွက် “နိုင်ငံတော်စဥ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” ကျောင်းအပ်နှံရေး သီတင်းပတ်မြေစိုက်ပိုစတာစိုက်ထူခြင်းနှင့် ကျောင်းပတ်၀န်းကျင် သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။
May 21,2026
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၌ ၂ဝ၂၆-၂ဝ၂၇ဘဏ္ဍာရေးနှစ်မှ စတင်ပြီး (၄)နှစ်စာ နှစ်အလိုက် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်မည့် အစီအမံများ ရေးဆွဲဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲက ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
May 21,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၌ စစ်ကိုင်းတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်လေးပိုနှင့် ဟုမ္မလင်းခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ပပစိုးနှင့်အဖွဲ့ဝင်များ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဒုံစေ့နှင်အဖွဲ့ဝင်များက တိုင်းရင်းသားရိုးရာယဥ်ကျေးမှုဓလေ့များ လေ့လာကြည့်ရှုအားပေးခြင်းကို ယနေ့မွန်းလွဲ (၂) နာရီခန့်က ဟုမ္မလင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ သွားရောက်လေ့လာခဲ့ကြသည်။