ကျေးသီး မေ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့ မီးသတ်စခန်းမှ ရက်(၁၀၀)စီမံချက်ဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ဦးစီးအရာရှိ ဦးဆောင်၍ အဖွဲ့ဝင်များသည် ယနေ့နံနက်(၈)နာရီ အချိန်က ဌာနဆိုင်ရာရုံးများအား ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျေးသီးမြို့ မီးသတ်စခန်းမှ ဦးစီးအရာရှိ ဦးမြင့်ဝင်းကြိုင် ဦးဆောင်၍ တပ်ဖွဲ့ဝင်များက ဌာနဆိုင်ရာရုံးများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် လျှပ်စစ်မီးကြိုးများနှင့် မီးခလုပ်များအား စစ်ဆေးခြင်း၊ မီးချိတ်၊ မီးကပ်၊ သဲအိတ်၊ သဲပုံးများ ၊ ကနေဦးမီးငြိမ်း သတ်ရေးပစ္စည်းများ ထားရှိ/မရှိနှင့် ရေကန်များတွင် ရေအလုံအလောက် အဆင်သင့်ထားရှိရေးတို့ကို အသိပညာပေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဆောင်ရွက်မှုသည် ရက်(၁၀၀)စီမံချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ဌာနဆိုင်ရာရုံးများနှင့် ဝန်ထမ်းအိမ်ရာများတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့်မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)